အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
64
လွန်ခဲ့သော ၄ လ က · ချမ်းမြသာစည်

အိတ်စွတ်ဖြစ်ပါလျှက်အခုပုံပါမြင်ရတဲ့အတိုင်းမဖြစ်အောင်ဘယ်လိုလုပ်ကိုင်သင့်တာတယ်သရက်ပင်သရက်ခြံကြားအစားထိုးဖာထေးငွေ...

အိတ်စွတ်ဖြစ်ပါလျှက်အခုပုံပါမြင်ရတဲ့အတိုင်းမဖြစ်အောင်ဘယ်လိုလုပ်ကိုင်သင့်တာတယ်သရက်ပင်သရက်ခြံကြားအစားထိုးဖာထေးငွေရအောင်မည်သည့်အပင်စိုက်ပျိုးလို့အဆင်ပြေနိုင်ကြောင်သိရှိချင်ပါတယ်ကူညီဖြေကြားပေးပါဗျာ။

စိုက်ပျိုးစီးပွား သရက်
Post image

ဖြေကြားချက် ၃ ခု

4,010 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

အိတ်မစွတ်ခင် မှိုသတ်ဆေးဖျန်းထားသေးလား? အိတ်က သီးလုံးထိုးပိုးကိုပဲ ကာကွယ်ပေးတာ။ အိတ်မစွတ်ခင် မှိုသတ်ဆေးနဲ့ မှိုကြိုတင်ပြီး တားကြတယ်။

349,542 လွန်ခဲ့သော ၄ လ က

ပုံပါ သရက်သီးများတွင် တွေ့ရသည့် အမည်းစက်များသည် မှည့်ပြောက်စွန်းရောဂါ (Anthracnose) ကျရောက်တာပါ။ အိတ်စွပ်ထားသော်လည်း အမည်းစက်ဖြစ်ရသည့် အကြောင်းရင်းများက အိတ်မစွပ်မီကပင် အသီးပေါ်တွင် မှိုစပိုးများ ကပ်ငြိနေခဲ့ပြီး အိတ်စွပ်ပြီးနောက် အိတ်အတွင်းရှိ အစိုဓာတ်နှင့် အပူချိန်ကြောင့် ပိုမိုပွားများလာခြင်း ဖြစ်နိုင်ပါသည်။ မိုးများသည့်ဒေသများတွင် စက္ကူအိတ်များအတွင်း ရေဝင်ခြင်း သို့မဟုတ် အိတ်အတွင်း လေဝင်လေထွက်မကောင်းဘဲ ငွေ့ရည်ပြန်ခြင်းတို့ကြောင့် ရောဂါပိုးများ ပေါက်ဖွားနိုင်ပါသည်။ အသီးများ ကြက်ဥခန့်အရွယ် (ပန်းပွင့်ပြီး ၅၅-၆၀ ရက်ခန့်) တွင် မစွပ်ဘဲ နောက်ကျမှစွပ်ပါက ရောဂါပိုးများ ကြိုတင်ဝင်ရောက်နေတတ်ပါတယ်။ နောင်တွင် ဤကဲ့သို့မဖြစ်အောင် လုပ်ဆောင်ရန် ခြံအတွင်းရှိ ရောဂါကျနေသော သစ်ကိုင်းခြောက်များ၊ အရွက်များနှင့် အသီးပုပ်များကို ဖယ်ရှားမီးရှို့ရပါမယ်။ အိတ်မစွပ်မီ ၃ ရက်အလိုတွင် မှိုသတ်ဆေးတစ်မျိုးမျိုး ဥပမာ-ကြေးနီဓာတ်ပါသော မှိုသတ်ဆေး (Copper Fungicide) တစ်မျိုးမျိုးကို အသီးရော အပင်ပါနှံ့အောင် ဖျန်းပေးရပါမယ်။ အသီးငယ်စဉ် ကြက်ဥအရွယ်တွင် စနစ်တကျ အိတ်စွပ်ပါ။ အိတ်စွပ်ရာတွင် အိတ်အောက်ခြေ၌ ရေထွက်ပေါက်ပါဝင်ရပါမယ်။ လေဝင်လေထွက်နှင့် နေရောင်ခြည် ကောင်းစွာရစေရန် အကိုင်းအခက်များကို ပုံမှန်ပြုပြင်ပေးရပါမယ်ခင်ဗျာ။

116 လွန်ခဲ့သော ၄ လ က

စွပ်ထားပြီးမှ ဖြစ်တာဆိုရင် အများအားဖြင့် အိတ်အတွင်း စိုထိုင်းမှုများပြီး ဖန်းဂတ်စ်ပိုးကပ်တာ ဖြစ်နိုင်ပါတယ်။ သရက်သီးကို အိတ်စွပ်တဲ့အခါ — မိုးရေဝင်တာ လေမဝင်လေထွက်မကောင်းတာ အိတ်အတွင်း အပူတက်တာ သီးပေါ်မှာ ရေစက်ကျန်နေတာ တွေကြောင့် အမည်းကွက်၊ အမည်းလိုင်းတွေ ထွက်လာတတ်ပါတယ်။ တချို့အခြေအနေမှာတော့ — အိတ်စွပ်မတိုင်ခင် သရက်နို့နည်းနည်းကပ်နေပြီး နောက်ပိုင်း အမည်းရောင်ပြောင်းသွားတာလည်း ဖြစ်နိုင်တယ်။ ကာကွယ်ချင်ရင် — လေဝင်လေထွက်ကောင်းတဲ့ အိတ်သုံးပါ မိုးရွာပြီးချိန် မစွပ်တာကောင်းတယ် သီးခြောက်မှ စွပ်ပါ အိတ်အောက်ခြေမှာ လေထွက်ပေါက်လေးလုပ်ထားပါ ပိုးသတ်ဆေး/ဖန်းဂတ်စ်ဆေးကို စနစ်တကျသုံးပါ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။