ဖြေကြားချက် ၄ ခု
မေးခွန်းအရ ခရမ်းစိုက်ခင်းမှာ ပျ ၊ ယင်ဖြူ နဲ့ ဖြုတ်စိမ်း အစရှိတဲ့ စုပ်စားပိုးတွေ ကျရောက်နေတာကို သိရပါတယ်။ ဒီပိုးတွေဟာ အပင်ရဲ့ အရည်ရွှမ်းတဲ့ အစိတ်အပိုင်းတွေကို စုပ်ယူစားသောက်ပြီး အပင်ကို နွမ်းနယ်စေတဲ့အပြင် ဗိုင်းရပ်စ်ရောဂါတွေကိုပါ သယ်ဆောင်လာတတ်တာကြောင့် အမြန်ဆုံး နှိမ်နင်းဖို့ လိုအပ်ပါတယ်။ ထိရောက်စွာ နှိမ်နင်းနိုင်သည့်ဆေးတွေက ဒီစုပ်စားပိုးတွေအတွက် ပင်လုံးပျံ့ပိုးသတ်ဆေး တွေကို အသုံးပြုတာက ပိုပြီးထိရောက်ပါတယ်။ ဒီ(Active Ingredients) တွေပါဝင်တဲ့ ဆေးတွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ် - အီမီဒါကလိုပရစ် (Imidacloprid) - ပျနဲ့ ဖြုတ်စိမ်းတွေအတွက် အလွန်ထိရောက်ပါတယ်။ အစီတာမီပရစ် (Acetamiprid) -ပျနဲ့ ယင်ဖြူတွေကို နှိမ်နင်းရာမှာ အသုံးပြုနိုင်ပါတယ်။ ဒိုင်နိုတီဖျူရန် (Dinotefuran) - တော်ရုံဆေးမတိုးတဲ့ ဖြုတ်စိမ်းနဲ့ ယင်ဖြူတွေအတွက် အစွမ်းထက်ပါတယ်။ သဘာဝနည်းလမ်းဖြင့် ကာကွယ်ခြင်း (IPM) ဆေးဖြန်းရုံတင်မကဘဲ အောက်ပါနည်းလမ်းတွေကို တွဲသုံးရင် ပိုထိရောက်ပါတယ် - စိုက်ခင်းထဲမှာ အဝါရောင်ကော်စေးထောင်ချောက် ထောင်ထားပါ။ ယင်ဖြူနဲ့ ဖြုတ်စိမ်းတွေဟာ အဝါရောင်ကို ကြိုက်တာကြောင့် ကပ်ခွာမှာ လာကပ်ပြီး ပိုးကောင်ရေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ တမာပိုးသတ်ဆေးကိုပိုးမကျခင် ဒါမှမဟုတ် ကျစပြုတဲ့အချိန်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပုံမှန်ဖြန်းပေးနိုင်ပါတယ်။ ဆေးယဉ်ပါးမှု မဖြစ်အောင် အထက်ပါ ဆေးအုပ်စုတွေကို တစ်မျိုးတည်း မသုံးဘဲ အလှည့်ကျ ဖြန်းပေးပါ။ နေအေးတဲ့အချိန် (မနက်စောစော ဒါမှမဟုတ် ညနေစောင်း) မှာ ဖြန်းတာက ဆေးအာနိသင် အရှိဆုံး ဖြစ်ပါတယ်။ ဆေးဗူးမှာပါတဲ့ အညွှန်းအတိုင်း တိကျတဲ့ အချိုးအစားနဲ့ ဖြန်းပေးဖို့ အရေးကြီးပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းကြွပ်ပင်စိုက်ထားပါတယ် ပိုးသတ်ဆေးနဲ့မှိုသတ်ဆေးနဲ့ရောပက်လို့ရပါသလား ပိုးသတ်ဆေးနဲ့အပင်အားဆေးနဲ့ရောပက်လို့ရပါ...
ဖြေကြားချက် 1 ခု
ခရမ်းကြွပ်ပါ ပုံပါအတိုင်း အရိုးကအလယ်ကနေခြောက်လာတာပါ ဘာဖြစ်တာလဲ ဘာဆေးသုံးရမလဲရှင့်
ဖြေကြားချက် 3 ခု
ခရမ်းကြွက်ဖြူသီး ဖြုတ်စိမ်းကျနေလို့ပါ
ဖြေကြားချက် 1 ခု
အရွက်တွေတွန့်လိပ်ပြီး မကြာခင် သံချေးရောင်အကွက်တွေဖြစ်လာတယ်။ အသီး အပွင့်နည်းလာတယ်။အပင်လဲ အတက်အားနှေးသွားပါတယ်။...
ဖြေကြားချက် 1 ခု
သီးလုံးဖောက်ပိုးလို့ထင်ပါတယ် ဆရာ၊ ပိုးမဖောက်သေးတဲ့အသီးတွေကို ဘယ်လိုကာကွယ်ရမလဲဆရာ။
ဖြေကြားချက် 1 ခု