ဖြေကြားချက် ၂ ခု
နံ့သာဖြူပင်ကို စိုက်မြေမှာတိုက်ရိုက်အစေ့ချပြီး စိုက်လို့လည်းရပေမယ့် ပျိုးပြီးမှစိုက်တာက ပိုကောင်းပါတယ်။ ပလတ်စတစ်အိတ်နဲ့ ထည့်ပျိုးကြတာများပြီး အိတ်အရွယ်မှာ( ၅" ×၆")၊ ( ၅"× ၇") ရှိ ပလတ်စတစ်အိတ်တွေကို သုံးနိုင်ပါတယ်။ ရေစိမ့်ရန်အတွက် အိတ်တွေကို အနည်းဆုံး (၄) ပေါက်ဖောက်ပေးရပါမယ်။ - ပျိုးအိတ်တွေထဲမှာ ထည့်ရမယ့် မြေအချိုးအစားကတော့ နုန်းမြေ (၂) ဆ၊ နွားချေးမြေဆွေး (၁) ဆ၊ သဲ (၁) ဆ တို့ကိုရောစပ်၍ ဇကာချပြီးမှ ထည့်ရပါမယ်။ မျိုးစေ့မထည့်ခင် ပျိုးအိတ်တွေကို ရေလောင်းပေးထားရပြီး၊ ပျိုးအိတ်တစ်အိတ်ကို မျိုးစေ့ (၂) စေ့နှုန်းဖြင့် ပျိုးထောင်ပါ။ ပျိုးအိတ်တွေကို ရေနေ့စဉ်လောင်းပေးရမှာဖြစ်ပြီး ရေမများလွန်းဖို့လည်း ဂရုစိုက်ပေးရပါမယ်။ တစ်လ၊ တစ်လခွဲလောက်ဆို အပင်ပေါက်ပါတယ်။တစ်ပေခွဲ၊ နှစ်ပေအရွယ်ရှိအပင်များကို ပြောင်းရွှေ့စိုက်နိုင်ပါတယ်။ နှစ်ချင်းမစိုက်ချင်သေးပါက အိတ်အရွယ်အစား (၆"× ၈") ၊ (၈"× ၁၀") တို့မှာအိတ်ပြောင်းပြီး တစ်နှစ်ဆက်ထားနိုင်ပါတယ်။ အမှီပင်လိုအပ်တဲ့ နံ့သာဖြူပင်စိုက်ပျိုးနည်း
ဆက်စပ်မေးခွန်းများ
အဖြူရောင်ကြံပင်လေးတွေ စိုက်ခင်းထဲမှာ ဟိုနားတပင်ဒီနားတပင်တွေ့နေရပါတယ်၊ဘာကြောင့်လဲ၊ဘယ်လိုပြုပြင်ရမလဲခမျာ
ဖြေကြားချက် 1 ခု
ဆရာကြီးများ ကော်ဖီစိုက်နည်းလေးတင်ပြပေးပါဦး စာအုပ်စင်ထဲမှာလဲ အခြောက်လှမ်းနည်းဘဲတွေ့တယ်
ဖြေကြားချက် 1 ခု
သထုံ အနီးတွင် ကော်ဖီစိုက်ချင်ပါတယ်။ နေရာသင့်မသင့် ကော်ဖီစေ့ ဘယ်အမျိုးစားစိုက်သင့်ဘာလဲ သိချင်ပါတယ်။
ဖြေကြားချက် 1 ခု
အရပ် အခေါ် ဆေးကုလားမ ဟုသာ သိပါသည် မည်သို့စိုက်ပျိုး ရသည် နှင့်စိုက်ပျိုးရမရ သိလိုပါသည် အကိုအမတို့ခင်...
ဖြေကြားချက် 1 ခု
လျှော်ဖြူ စိုက်ပျိုး နည်းအဆင့်ဆင့်နဲ့ ရှောင်ရန် စောင်ရန်များ အကျဉ်းမျှသိချင်ပါတယ်
ဖြေကြားချက် 1 ခု