အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
489
လွန်ခဲ့သော ၄ လ က · ယင်းမာပင်

ကြက်သွန်နီ/ဖြူကို အော်ဂဲနစ်နည်းနဲ့ (ဓာတုနည်းလို) အမြင့်ဆုံးအထွက်ရအောင် စိုက်လို့ရလား စိုက်ပျိူးရေးဦးစီးဌာနအပါ...

ကြက်သွန်နီ/ဖြူကို အော်ဂဲနစ်နည်းနဲ့ (ဓာတုနည်းလို) အမြင့်ဆုံးအထွက်ရအောင် စိုက်လို့ရလား စိုက်ပျိူးရေးဦးစီးဌာနအပါအဝင် ပညာရှင်တွေရေးတဲ့ စိုက်ပျိုးနည်း အကြောင်းတွေမှာ အော်ဂဲနစ်နည်းသက်သက် စီးပွားဖြစ်စိုက်နည်းရေးတာ မတွေ့မိသေးလို့ ဒီapp မှာပါတဲ့ စိုက်ပျိုးနည်းပညာ အကြောင်းတွေမှာ အော်ဂဲနစ်စိုက်နည်း မပါပါ ယူရီယား ဘယ်လောက် တီစူပါဘယ်လောက် ပိုတက်ဘယ်လောက်ဆိုပြီး ဓာတုဓာတ်မြေဩဇာပဲ ညွန်းတာတွေ့ရပါတယ် မြန်မာနိုင်ငံမှာ သီးနှံတွေကို ​​ေအာ်ဂဲနစ်နည်းနဲ့ အမြင့်ဆုံးအထွက်ရအောင် စိုက်နည်း သုတေသနရလဒ်ရှိပါသလား သိပါရစေခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း ကြက်သွန်နီ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ကြက်သွန်နီ/ ကြက်သွန်ဖြူမှာ ဩဂဲနစ်နဲ့ စိုက်ပျိုးဖို့ အဓိက အကန့်သတ်က ပေါင်းကာကွယ်နိုင်ဖို့လို ထင်ပါတယ်။ အခြားသီးနှံတွေမှာ အရွက်က ပြန့်ထွက်တာကြောင့် ပေါင်းထက် သီးနှံအပင်က အရင် နိုင်ခဲ့ရင် ပေါင်းသတ်ရတာ သက်သာပါတယ်။ ကြက်သွန်မှာကြ အရွက်က အလုံးဖြစ်တာရယ် ရေလိုအပ်ချက်မြင့်တာကြောင့် ပေါင်းပေါက်ရောက်ဖို့ အခွင့်အရေးများပါတယ်။ စိုက်မယ်ဆိုရင်တော့ ကောက်ရိုးကို သုံးပြီးတော့ ဖြစ်ဖြစ် မြေဖုံးအုပ်နည်းစနစ်နဲ့ စိုက်ပျိုးပါ။ ကြက်သွန်က NPK အဟာရဓာတ်အပြင် အနံ့အရသာ ကောင်းမွန်ဖို့ (အရည်သွေးကောင်းဖို့) ဆာလဖာဓာတ်လည်း လိုအပ်ပါတယ်။ ဆာလဖာ (S) အတွက် ကျောက်မှုန့်မြေသြဇာကို ထည့်သွင်းနိုင်ပါတယ်။ အပင်ကြီးထွားဖို့အတွက် ငါးအမိုင်နိုအက်စစ်ကို ပုံမှန်ဖျန်းပေးပါဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။