အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
36
လွန်ခဲ့သော ၄ လ က · ပန်းတောင်း

နှမ်းရိုးမြေဆွေးနဲ့ကြက်ချေးရောထားတဲ့မြေဩဇာကိုနှမ်းပင်ဘယ်နှစ်ရက်သားလောက်မှာအသုံးပြုသင့်ပါသလဲ

အပင်အာဟာရ နှမ်း

ဖြေကြားချက် ၁ ခု

347,513 လွန်ခဲ့သော ၄ လ က

နှမ်းရိုးမြေဆွေးနဲ့ ကြက်ချေးရောထားတဲ့ သဘာဝမြေဩဇာကို နှမ်းပင်သက်တမ်း ၂၀ ရက်သားကနေ ၂၅ ရက်သား (ကြားပေါင်းလိုက်ပြီးချိန်) မှာ ကျွေးပေးဖို့ အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။ထိရောက်မှုရှိစေဖို့ ဆိုရင် မြေအစိုဓာတ်ရှိချိန်ကျွေးပါ။ မြေဩဇာကျွေးပြီးချိန်မှာ အပင်က အာဟာရဓာတ် ကောင်းကောင်းစုပ်ယူနိုင်ဖို့ မြေကြီးအစိုဓာတ် ရှိနေရပါမယ်။လုံးဝဆွေးမြေ့နေရပါမယ်။သုံးမယ့် ကြက်ချေးနဲ့ နှမ်းရိုးမြေဆွေးဟာ ဆွေးမြေ့ပြီးသား ဖြစ်ဖို့ လိုပါတယ်။ မဆွေးမြေ့သေးတဲ့ လတ်ဆတ်တဲ့ ကြက်ချေးဆိုရင် အပူအောင်းပြီး အမြစ်လောင်တာ၊ နှမ်းရိုးမဲနဲ့ မြစ်ခြောက် မှိုရောဂါတွေ ဖြစ်ပွားစေနိုင်လို့ပါဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။