အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Soe Gyi
Soe Gyi 317
လွန်ခဲ့သော ၅ လ က · ငဖဲ

ခရမ်းပင် သက်တမ်း ငယ်ရွယ်တဲ့အချိန်မှာ ရေတော့ စိုအောင်လောင်းပါတယ် နေအရမ်းပူတော့ ခံနိုင်ရှိမရှိနဲ့ ဘယ်လို ကာကွယ်ရမလဲ ဗျ သေပျောက်နည်းအောင် အရွက်တွေကလဲ ပိုးစားတာတွေ့ရတယ်ဗျ တက်သစ်စ တွေ့ကြုံမရှိသေးတဲ့လူငယ်လေးမို့ စဆုံး ကာကွယ်နည်း ရေလောင်းနည်း ပြုစုပျိုးထောင်နည်းလေး ပြောပြပါအုံးဗျ🙏

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
စိုက်ပျိုးနည်း ခရမ်းသီး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 449,993 လွန်ခဲ့သော ၅ လ က
ဤအဖြေဖြင့် ပြေလည်

ရေလောင်းနည်းကရေကို နေပြင်းချိန် (မွန်းလွဲပိုင်း) မလောင်းရပါဘူး။ နံနက်စောစော သို့မဟုတ် ညနေစောင်းပဲ လောင်းပေးပါ။မြေကြီးအစိုဓာတ်ထိန်းဖို့နဲ့ အပူဒဏ်ခံနိုင်ဖို့ အပင်ခြေကို ကောက်ရိုး သို့မဟုတ် မြက်ခြောက် အုပ်ပေးပါ။အရွက်တွေထဲ လမ်းကြောင်းလို လျှောက်စားတဲ့ ရွက်ထွင်းယင်ဖျက်ပိုး အတွက် အဗာမက်တင် (Abamectin) ဆေးကို ဖျန်းပေးပါ။ စိုက်ခင်းထဲမှာ အဝါရောင်ကော်ကပ်ထောင်ချောက်တွေ ချိတ်ထားရင် ပိုထိရောက်ပါတယ်။အရွက်ကိုက်စားတဲ့ ပိုးလောက်ကောင်တွေအတွက် အီမာမက်တင် ဘန်ဇိုအိတ် (Emamectin Benzoate) ဆေးကို သုံးပေးပါ။(ဆေးဖျန်းရင် ညနေစောင်း နေအေးချိန်မှ ဖျန်းပေးပါဗျာ။ အပင်သန်မာပြီး အရွက်စိမ်းလာစေဖို့ နိုက်ထရိုဂျင် (N) မြင့်တဲ့ အပင်အားဆေးကို ဖျန်းပေးပါ။ အရွက်သစ်များထွက်လာရင်အပင်ပြုစုခြင်းကအောက်ခြေက ပိုးကျနေတဲ့ အရွက်အိုတွေကို ဖယ်ရှားပစ်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။