အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
99
လွန်ခဲ့သော ၄ လ က · မြို့သစ်

နှမ်းကြဲပီး သီးနှံအထွက်တိုးအောင် ဘလိုလုပ်ရလဲဗျ ပီးတော့ ဘာတေထည့်ပေးရလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
အပင်အာဟာရ နှမ်း

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၄ လ က

နှမ်းကြဲပြီးနောက် အထွက်နှုန်းကောင်းဖို့အတွက် နှမ်းသားခွဲခြင်းကိုအပင်ပေါက်စုံချိန် (၁၀-၁၅ ရက်သား) တွင် ပထမအကြိမ်၊ သက်တမ်း ၂၀-၂၅ ရက်တွင် ဒုတိယအကြိမ် ခွဲပေးပါ။ တစ်ပင်နှင့်တစ်ပင် ၄ လက်မခန့် ခြားပြီး သန်မာတဲ့အပင်ပဲ ချန်ပါ။ မြေဆွ/ပေါင်းရှင်း ခြင်းကို သက်တမ်း ၂ ပတ်ကနေ ၃ ပတ်အတွင်း ကြားထွန်ဝင်ပြီး မြေဆွ၊ ပေါင်းသင်ပေးပါ။ နှမ်းက ရေဝပ်ရင် အပင်သေတတ်လို့ ရေနုတ်မြောင်း အဆင်သင့် လုပ်ထားပါ။ ဒါပေမဲ့ ပန်းပွင့်ချိန်နဲ့ အသီးကပ်ချိန်မှာတော့ အစိုဓာတ် လုံလောက်စွာရှိရပါမယ်။ မြေသြဇာကျွေးတာကတော့ ယူရီးယား ကို(၂) ကြိမ်ခွဲကျွေးပါ၊ - တစ်ဧကကို ယူရီးယား ၈၄ ပေါင်နှုန်း သတ်မှတ်ပြီး၊ အပင်သက်တမ်း ၂၀-၂၅ ရက် (ကြားထွန်ချိန်) မှာ တစ်ဝက်၊ သက်တမ်း ၄၀-၄၅ ရက် (ပန်းစပွင့်ချိန်) မှာ ကျန်တဲ့တစ်ဝက်ကို မြေအစိုဓာတ်ရှိခိုက် စိုက်တန်းဘေးကနေ ကျွေးပေးပါ။ ဆာလဖာ (သို့) ဂျစ်ပဆမ်ကို ဆီထွက်နှုန်းကောင်းပြီး အစေ့အောင်ဖို့ မြေခံမှာ ဂျစ်ပဆမ် ထည့်ရပါမယ်။ မထည့်ရသေးရင် ယူရီးယားကျွေးချိန် ဂျစ်ပဆမ်မှုန့်ကို တွဲကျွေးနိုင်ပါတယ်။ ရွက်ဖျန်းအာဟာရအနေနဲ့ အပွင့်အသီး ပိုခိုင်ပြီး အထွက်တိုးဖို့ ပန်းပွင့်ချိန်မှာ ဘိုရွန် (Boron) နဲ့ ဇင့် (Zinc) ပါတဲ့ ရွက်ဖျန်းအားဆေး ဖျန်းပေးပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။