အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
344
လွန်ခဲ့သော ၄ လ က · ပြင်ဦးလွင်

မိုးတာများတဲ့အချိန်ပန်းမှုံလာစိုက်လို့အစဉ်ပြေနိုင်လာဗျာပြောပေးကြပါအုန်းနော်

စိုက်ပျိုးနည်း ပန်းဂေါ်ဖီ

ဖြေကြားချက် ၁ ခု

348,957 လွန်ခဲ့သော ၄ လ က

မိုးများတဲ့အချိန်မှာ ပန်းဂေါ်ဖီကို အောင်မြင်အောင် စိုက်လို့ရပါတယ်ဗျာ။ ဒါပေမဲ့ မိုးရာသီဖြစ်တဲ့အတွက် မိုးဒဏ်/အပူဒဏ်ခံနိုင်ပြီး သက်တမ်းတိုတဲ့ မိုးစိုက်ပန်းဂေါ်ဖီမျိုးစေ့ကိုပဲ ရွေးချယ်စိုက်ပျိုးရပါမယ်။ ဆောင်းမျိုးတွေစိုက်ရင် အပွင့်မပွင့်ဘဲ ပုပ်သွားတတ်ပါတယ်။ ပန်းဂေါ်ဖီက ရေဝပ်တာ လုံးဝမခံနိုင်လို့ အမြစ်မပုပ်အောင် စိုက်ဘောင်ကို အနည်းဆုံး (၈ လက်မကနေ ၁ ပေ) ထိ မြင့်မြင့်လုပ်ပြီး ရေနုတ်မြောင်း သေချာဖောက်ပေးရပါမယ်။ ပျိုးပင်ပေါက်လေးတွေ မိုးဒဏ်ကြောင့် မပျက်စီးအောင် ပလတ်စတစ်မိုးပြီး သေချာပျိုးထောင်ရပါမယ်။ မိုးရာသီမှာ စိုထိုင်းဆများလို့ ခါးရိရောဂါနဲ့ အပွင့်ပုပ်/ရွက်ပုပ်ရောဂါတွေ အဖြစ်များပါတယ်။ လေဝင်လေထွက်ကောင်းအောင် ပင်ကြားတန်းကြား ခွာစိုက်ပြီး လိုအပ်ရင် မှိုသတ်ဆေး ကြိုဖျန်းပေးရပါမယ်။ သေချာတော့ဂရုစိုက်ပေးရပါမယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။