ဖြေကြားချက် ၁ ခု
သီတင်းကျွတ် စားပြောင်းစိုက်ချင်တဲ့အတွက် အကောင်းဆုံးစိုက်ချိန်ကတော့ အောက်တိုဘာလမှ နိုဝင်ဘာလကုန်အထိ (ဆောင်းစိုက်ရာသီ) ဖြစ်ပါတယ်ဗျာ။သီတင်းကျွတ်လဟာ မိုးအကုန် ဆောင်းအကူး ဖြစ်တာမို့ မြေအစိုဓာတ်ရှိချိန် အမြန်ဆုံး စိုက်ပျိုးရင် အဆင်ပြေဆုံး ဖြစ်မှာပါ။ စိုက်ပျိုးတဲ့အခါ အောင်မြင်ဖြစ်ထွန်းဖို့ စိုက်စနစ် - အတန်းကြား (၂ ပေခွဲ) နှင့် အပင်ကြား (၉ လက်မ) ထားပြီး စိုက်ပါ။မြေဩဇာ - နွားချေး/မြေဆွေးကို မြေခံအဖြစ် ထည့်ပါ။ အပင်သက်တမ်းအလိုက် ယူရီးယားကို ခွဲကျွေးပေးပါ။ရေသွင်းခြင်းကိုဆောင်းစိုက်ဖြစ်လို့ အပင်သက်တမ်း ၂၀၊ ၄၀၊ ၆၀၊ ၈၀ ရက်သားဝန်းကျင်တွေမှာ မြေအစိုဓာတ်မပြတ်အောင် ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ဒေသအလိုက် ရေမြေကွာခြားချက်ရှိနိုင်လို့ မိမိစိုက်ပျိုးမယ့်ဒေသနဲ့ ရေသွင်းဖို့ အခြေအနေကို မူတည်ပြီး ပြင်ဆင်စိုက်ပျိုးနိုင်ပါတယ်ဗျာ။
ဆက်စပ်မေးခွန်းများ
ပြောင်းစစိုက်မို့ဗျာအထွက်ကောင်းမည့်ပြောင်းနာမည်လေးပြောပြပေးပါလားဗျာ
ဖြေကြားချက် 1 ခု
ကျွန်တော့တောင်ယာမှာဘာစိုက်စိုက်အထွက်နည်းနေပါတယ် ဘာတွေလုပ်သင့်လဲဗျာ
ဖြေကြားချက် 0 ခု
cpပြောင်း က ဘယ်လထဲစိုတ်ရင်ပိုကောင်းလဲဗျ
ဖြေကြားချက် 1 ခု
ပြောင်းစိုက်နည်း
ဖြေကြားချက် 2 ခု
ဘာဖြစ်တာလဲ ဗျ မသိလို့ပါ ဘာဆေးဖျန်းရမလဲဗျ
ဖြေကြားချက် 3 ခု