ဘာဖြစ်တာလဲ ဗျ မသိလို့ပါ ဘာဆေးဖျန်းရမလဲဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၂ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အမြစ် ပင်စည်
- ရာသီဥတု (တစ်ပတ်အတွင်း)
- မိုးရွာ
ရွက်ဖုံးပုပ် ရောဂါ လို့ယူဆပါတယ်။ဖျူဆေရိယန်ကြောင့်လည်းဖြစ်နိုင်ပါတယ်။Azoxystrobin + Difenoconazole သို့မဟုတ် Trifloxystrobin + Tebuconazole ဖျန်းပါ။
ဟုကဲ့ပါ ဗြ
ပုံပါ ပြောင်းပင်၏ အရွက်ဖုံးနှင့် ပင်စည်တွင် တွေ့ရသော အကွက်လိုက် ပုပ်ခြောက်သည့် လက္ခဏာသည် Rhizoctonia solani မှိုကြောင့်ဖြစ်သော ပြောင်းဖူး ရွက်ဖုံးခြောက်ရောဂါ (Banded Leaf and Sheath Blight) ဖြစ်နိုင်ခြေ အလွန်များပါတယ်ခင်ဗျာ။ ဤရောဂါသည် စိုထိုင်းဆများပြီး လေဝင်လေထွက် ညံ့ဖျင်းသော စိုက်ခင်းများတွင် ပိုမိုဆိုးရွားစွာ ကျရောက်တတ်ပြီး၊ အထွက်နှုန်းကို သိသိသာသာ လျော့နည်းစေနိုင်ပါသည်။ ရောဂါကို ထိရောက်စွာ နှိမ်နင်းရန်အတွက် ရောဂါရနေသော အောက်ခြေအရွက်များကိုစိုက်ခင်းအဝေးသို့ ဆုတ်ဖြဲဖယ်ရှား ရှင်းလင်းပစ်ရပါမည်။ ထို့ပြင် ဗာလီဒါမိုင်ဆင် (Validamycin) သို့မဟုတ် အဇိုဇီစထရိုဘင် + ဒိုင်ဖီနိုကိုနာဇိုးလ် (Azoxystrobin + Difenoconazole) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေအထိ ရောက်ရှိအောင် စနစ်တကျ ပက်ဖျန်းပေးခြင်းဖြင့် ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး တားဆီးနှိမ်နင်းနိုင်ပါလိမ့်မယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ပြောင်းစိုက်နည်း
ဖြေကြားချက် 2 ခု
လာမယ့်သီတင်းကျွတ်စားပြောင်းစိုက်ချင်ပါတယ်ခမျ ဘယ်လလောက်စိုက်ရင်အဆင်ပြေနိုင်မလဲခမျ
ဖြေကြားချက် 1 ခု
ပြောင်းစစိုက်မို့ဗျာအထွက်ကောင်းမည့်ပြောင်းနာမည်လေးပြောပြပေးပါလားဗျာ
ဖြေကြားချက် 1 ခု
ပြောင်းပင်မှာ ဘာဓါတ်လိုနေလည်း ပြောပြပေးပါ ဒီအရွယ်ဆို ဘာကျွေးရင်ကောင်းမလည်း
ဖြေကြားချက် 2 ခု
အစာစပ်ပြောင်း၁၂၀သက်တမ်းကို ရက်အလိုက် မြေဩဇာအချိုး ထည့်သွင်းပုံကို သိချင်ပါတယ် အပင်ပိုင်းအတွက်/အနှံထွက်ချိန်/အ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။