ဖြေကြားချက် ၃ ခု
စပါးစိုက်ပျိုးရာတွင် ယူရီးယား (ပုလဲ) မြေဩဇာကို မြေခံအဖြစ် လုံးဝ (လုံးဝ) ထည့်သွင်းရန်မလိုပါဘူး။ ယူရီးယားသည် အရည်ပျော်လွယ်ပြီး လေလွင့်ဆုံးရှုံးမှု အလွန်များသောကြောင့် စပါးရွှေ့ပြောင်းစိုက်စ အမြစ်မစွဲသေးသည့်အချိန်တွင် ကျွေးပါက ဓာတ်မြေဩဇာ၏ (၇၀%) ခန့်သည် လေထဲသို့ အငွေ့ပျံခြင်းနှင့် ရေထဲသို့ စိမ့်ဝင်ခြင်းတို့ကြောင့် အလဟဿ ဆုံးရှုံးသွားပါလိမ့်မယ်။ ထို့အတူ ရွှေ့ပြောင်းစိုက်ပြီး (၅) ရက်သားအရွယ်သည်လည်း အပင်တမန်းဒဏ် ဖြစ်နေဆဲမို့ ကျွေးရန် စောလွန်းပါသေးတယ်။ စပါးပင်ပွားနှုန်း ကောင်းမွန်စေရန်အတွက် အထိရောက်ဆုံးအချိန်မှာ ရွှေ့ပြောင်းစိုက်ပြီး (၁၄) ရက်မှ (၂၁) ရက်သား (၂ ပတ် သို့မဟုတ် ၃ ပတ်သား) အတွင်းဖြစ်ပြီး၊ ထိုအချိန်မှသာ ပထမအကြိမ်အဖြစ် စတင်ပက်ကျွေးသင့်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
happy warking🤑🤑🤑🤑🤑
ဖြေကြားချက် 4 ခု
ထိုင်းနှံကောက်လက်ရှီစပါးစျေးသိချင်ပါတယ်ရှင့်
ဖြေကြားချက် 1 ခု
မိုးစပါး ပျိုးထောင်ရန် 6လပိုင်းဆိုစောလွန်းသလားဗျ ဧရာမင်း မျိုးသန့်ပါ
ဖြေကြားချက် 1 ခု
နွေစပါး အနှံထွက်နေပါပြီ အားဆေးဖျန်းမလို့ပါ မှိုသတ်ဆေးထည့်ရမလား ပိုးသတ်ဆေးတမျိုးမျိုးထည့်ရမလား အားဆေးတင်ဆိုလုံ...
ဖြေကြားချက် 2 ခု
မြေဩဇာကျွေးပြီးပြီးချင်း ဆေးဖျန်းဖို့သင့်ရဲ့လားဗျာ့ ဘာကြောင့်လည်းဆိုတာရှင်းပြပေးပါအုံးဆရာ
ဖြေကြားချက် 2 ခု