အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
355
လွန်ခဲ့သော ၃ လ က

ပဲပုပ် စိုက်ခင်းထဲကို ပိုက်ဆံလျှော် ကျဲပြီး သစ်စိမ်းမြေဩဇာအဖြစ်သုံးချင်ပါတယ်ရှင့်။ ပဲပုပ်ခင်းရဲ့ ပင်ကြားတန်း...

ပဲပုပ် စိုက်ခင်းထဲကို ပိုက်ဆံလျှော် ကျဲပြီး သစ်စိမ်းမြေဩဇာအဖြစ်သုံးချင်ပါတယ်ရှင့်။ ပဲပုပ်ခင်းရဲ့ ပင်ကြားတန်းကြားထဲကို ပိုက်ဆံလျှော်ကျဲမှာပါရှင့်။ သီးနှံနှစ်မျိုးလုံးတစ်ပြိုင်နက်တည်းစိုက်လို့ရပါသလားရှင့်။ ပေါင်းနိုင်ချင်လို့ပါရှင့်။ ပိုက်ဆံလျှော်ပင်ကြီးလာရင် ပဲပုပ်ခင်းထဲမှာပဲရိတ်ချမှာပါရှင့်။ စိုက်ခင်းအတွင်း ဓာတုဆေးလုံး၀မသုံးချင်လို့ပါရှင့်

မြေဆီလွှာ ပဲပုပ်

ဖြေကြားချက် ၄ ခု

347,513 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပဲပုပ်နှင့် ပိုက်ဆံလျှော်ကို တစ်ပြိုင်နက်တည်း အတူတူမစိုက်သင့်ပါဘူး။ ပိုက်ဆံလျှော်သည် ကြီးထွားနှုန်း အလွန်မြန်သဖြင့် ပဲပုပ်ပင်များကို လွှမ်းမိုးကာ နေရောင်ခြည် ကာဆီးသွားနိုင်သောကြောင့် ဖြစ်သည်။ အကောင်းဆုံးစနစ်မှာ ပဲပုပ်စေ့ကို အရင်စိုက်ပြီး ၂ ပတ်မှ ၃ ပတ်အကြာမှသာ အတန်းကြားထဲသို့ ပိုက်ဆံလျှော်စေ့ လိုက်စိုက်ရပါမယ်။ ပိုက်ဆံလျှော်ပင်များ ကြီးထွားလာပြီး ပန်းပွင့်စအချိန် (စိုက်ပြီး ၄၅ ရက်ဝန်းကျင်) တွင် အပင်များကို မြေရင်းမှ ဖြတ်တောက်ကာ ပဲပုပ်ပင်ခြေရင်း၌ မြေဖုံး ပေးရပါမယ်။ ဤနည်းဖြင့် ဓာတုဆေးဝါးလုံးဝသုံးစွဲရန်မလိုဘဲ ပေါင်းမြက်များကို ထိရောက်စွာ နှိမ်နင်းနိုင်မည့်အပြင် ပဲပုပ်ပင်အတွက် အထူးကောင်းမွန်သော နိုက်ထရိုဂျင်နှင့် သစ်စိမ်းမြေဩဇာကို သဘာဝအတိုင်း ရရှိစေမည် ဖြစ်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 22,957 လွန်ခဲ့သော ၃ လ က

ပဲပုတ်ကတစ်ပြိုင်ထဲရင့်တဲမျိုးဆိုရင်ပန်းပွင်ုစုံပြီးရက်၃၀ မှ ၄၅ ရက်ခန့်တွငိရိပ်သီမ်းရနိုင်မယ်သင့်မြေကြီးထဲတွင်အစိုဓာတ်လုံလောကိစွာရှိနေရင်ပိုက်ဆံလျှော်ပင်ကအပင်ပေါက်ပြီးရက်၂၀ သားလောက်ဆိုတစ်ပေလောက်မြင့်လာနိုင်တယ်ပဲပုတ်ပင်ကိုအရိပ်ကျပြီးဖုံးသွားနိုင်တယ်ဒါကြောင့်ပိုက်ဆံလျှော်ကိုပဲပုက်ပန်ပွင့်ပြီး၁၅ ရက် ၂၀ ရက်သားကျမှတန်းးကြားထဲမှာတစ်အေကပင်ကြားတန်းကြာပေါ်လိုကပြီး၃ပြီ မှ၄ပြီကျဲပါပဲပုတ်ရိပ်ပြီးပိုက်ဆံလျှော်ကိုစိုက်တဲ့ရာသီပေါ်မူတည်ပြီးပန်းစပွင့်ချိနတွင်စက်ထယ်နှင့်ထယ်ထိုးမှောက်ပါပိုက်ဆံလျှော်ပင်ကြီးထွားမှုပေါ်မူတည်ပြီးနိုကိထရိုဂျင်၂၅ kg နဲ့သဘာဝမြေဆွေး၁၀လှည်းခန့်ထ ည့်ပေ ပါလိမ့်မယ်မနွယ်ရဲ့သစ်စိမ်းမြေသြဇာနည်းကအကုန်အကျနဲပြီးပေါင်းလဲသက်သာမြေသြဇာလဲရတာဖြစ်လို့သိပ်အကျိုးရှိတဲ့လုပ်ငန်းဖြစ်လို့နှစ်တိုင်းပြုလုပ်သွားပါ

355 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါရှင့်

41 လွန်ခဲ့သော ၃ လ က

စပါးစိုက်ရန်အကြောင်း

You

ဆက်စပ်မေးခွန်းများ

ပဲပုတ် တစ်ဧကကို မျိုးစေ့ ၁၁ ပိဿာ သုံးမှာပါရှင့်။ ပဲပုတ်မျိုးစေ့ ကို trichoderma +Bicillus +Rhizobium သုံးမျိုး...

ဖြေကြားချက် 4 ခု

ငါးအမိုင်နိုအက်စစ်နဲ့မြေပဲဖတ်နှင့်ပြုလုပ်ထားသောအမိုင်နိုအက်စစ်တို့ရဲ့ပါဝင်တဲ့အဟာရဓာတ်ကွာခြားချက်နှင့်အကျိုးပြု...

ဖြေကြားချက် 1 ခု

နောင်ချိုမြို့နယ်မှာ မိုးဦးအတွက် ဆီပဲပုတ် ရေဆင်းမျိုးတွေစိုက်ချင်လို့ ဘယ်မှယ်လို့ရနိုင်လဲ လမ်းညွှန်ပေးကြပါ...

ဖြေကြားချက် 1 ခု

trichoderma+Bicillus +Rhizobium သုံးမျိုး လူးနယ်ထားတဲ့မျိုးစေ့ပါရှင့်။ မိုးရွာလို့ စိုက်ရက် တစ်ရက်ကျော်သွားပါ...

ဖြေကြားချက် 2 ခု

တမာရွက်ကို နုတ်နုတ်စင်းပြီး ရေ 42လီတာနဲ့ ကာဘော်လစ်အရည် ရေဖလား နှစ်လုံးစာ ရောပြီး 14ကြာ တမာပိုးသတ်ဆေးလုပ်ထားတာ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။