အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
737
လွန်ခဲ့သော ၃ လ က · မြိတ်

ဆရာတို့ခင်ဗျ မြားနီကထုတ်တဲ့သခွား ပဲတောင့်ရှည် ခ၀ဲ ကြက်ဟင်းခါး မုန်လာဥ ခရမ်းရွှေဖရုံတို့ကိုခုလိုမိုးများတဲ့အ...

ဆရာတို့ခင်ဗျ မြားနီကထုတ်တဲ့သခွား ပဲတောင့်ရှည် ခ၀ဲ ကြက်ဟင်းခါး မုန်လာဥ ခရမ်းရွှေဖရုံတို့ကိုခုလိုမိုးများတဲ့အချိန်မှာစိုက်မလို့လုပ်နေတာ အဆင်ပြေနိုင်လားခင်ဗျ အလင်းပြပေးပါဆရာတို့ခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်ပြီး မိုးရွာ
စိုက်ပျိုး ဗဟုသုတ ပဲတောင့်ရှည်

ဖြေကြားချက် ၂ ခု

348,948 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

မြားနီကုမ္ပဏီထုတ် ဟင်းသီးဟင်းရွက် မျိုးစေ့များ ဖြစ်ကြသော ပဲတောင့်ရှည်၊ သခွားနှင့် ကြက်ဟင်းခါး တို့သည် မိုးရာသီ ရေရရှိမှုနှင့် ကိုက်ညီသဖြင့် စင်တင် စနစ်တကျ စိုက်ပျိုးပါက အလွန် အဆင်ပြေပါသည်။ သို့သော် ခရမ်းချဉ်၊ ရွှေဖရုံနှင့် မုန်လာဥ သီးနှံများသည် ရေဝပ်ခြင်းနှင့် မိုးများခြင်းကို မခံနိုင်သောကြောင့် ရေမဝပ်သော ကုန်းမြင့်မြေ သို့မဟုတ် စိုက်ဘောင် မြင့်မြင့်များ ပြုလုပ်၍ အထူး ဂရုစိုက် စိုက်ပျိုးရပါမည်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေနုတ်မြောင်း စနစ် ကောင်းမွန်ရန်နှင့် မှိုရောဂါ ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားရပါမယ်ခင်ဗျာ။အထက်ပါအတိုင်းဂရုစိုက်နိုင်မယ်ဆိုအဆင်ပြေပါတယ်

737 လွန်ခဲ့သော ၃ လ က

ဖြေကြားပေးတဲ့ဆရာသော်ဇင်ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။