အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawdohhtoo
Sawdohhtoo 815
လွန်ခဲ့သော ၅ လ က · မြိတ်

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

အပင်အာဟာရ ကြက်မောက်သီး ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၅ လ က
ဤအဖြေဖြင့် ပြေလည်

အသက် (၁) နှစ်ကျော်ရှိပြီဖြစ်သော ကြက်မောက်ပင်ငယ်များအတွက် ပုံပါသဘာဝမြေဆွေးကို တစ်ပင်လျှင် တစ်နှစ်ကို ၃ ကီလိုဂရမ်မှ ၅ ကီလိုဂရမ် ကျွေးပေးရပါမယ်။ ၎င်းနှုန်းထားကို တစ်နှစ်လျှင် မိုးဦးနှင့် မိုးနှောင်းပိုင်းခွဲ၍ ၂ ကြိမ်ခန့် ခွဲကျွေးသင့်ပါသည်။ ကျွေးသည့်အခါ ပင်စည်နှင့် ဝေးဝေး၊ အရွက်ဖြန့်ကျက်မှု အဖျားလိုင်းအောက်တွင် အဝန်းအဝိုင်းကျင်းတူး၍ ထည့်ရပါမည်။ ဤမြေဆွေးသည် အာဟာရဓာတ်ပါဝင်မှု နည်းပါးသဖြင့် အပင်သန်မာစေရန် ကွန်ပေါင်းဓာတ်မြေဩဇာ (NPK 15-15-15) ဟင်းစားဇွန်း (၂) ဇွန်းခန့်ကိုပါ တွဲဖက်ကျွေးပေးပြီးနောက် ရေဝအောင် လောင်းပေးသင့်ပါတယ်ခင်ဗျာ။

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၅ လ က

အဆင်ပြေပါတယ်ခင်ဗျာ။ (ငါးအမိုင်နိုအက်စစ်) ကို မြေဆွေးနဲ့ရောကျွေးတာထက် "အရွက်ဖျန်းအဖြစ် သုံးစွဲတာက အပင်အတွက် ပိုမိုမြန်ဆန်ပြီး ပိုထိရောက်ပါတယ်"။ အသုံးပြုမယ်ဆိုရင် ရေ ၂၀ လီတာ (ဆေးဖျန်းပုံးတစ်ပုံး) လျှင် ငါးအက်စစ် ၂၀ စီစီမှ ၃၀ စီစီ (ဟင်းစားဇွန်း ၂ ဇွန်းခန့်) ရောစပ်ပြီး နေအေးချိန် (မနက်စောစော သို့မဟုတ် ညနေပိုင်း) တွင် ၁၀ ရက် သို့မဟုတ် ၁၅ ရက်တစ်ကြိမ် ပုံမှန်ဖျန်းပေးပါ။ မြေဆွေးကိုတော့ အပင်ခြေပတ်လည်မှာ ကျင်းတူးပြီး သီးသန့်ကျွေးပေးတာက ရေရှည်မြေဆီလွှာကောင်းမွန်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။

Sawdohhtoo
Sawdohhtoo 815 လွန်ခဲ့သော ၅ လ က

ဒီမြေဆွေးကို ငါးအမိုင်နိုအက်စစ်နှင့်ရောပီးအပင်ကိုအစာကြွေးရင်အဆင်ပြေလား ဘယ်လောက်ရောရမလဲ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။