အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၃ လ က

ဂန္ဓမာစိုက်ခင်းများတွင် ပိုးမွှားများမကျရောက်မီ ကြိုတင်ကာကွယ်ရန်အတွက် စိုက်ခင်းအကြို ပြင်ဆင်ချိန်နှင့် အပင်သက်တမ်းအလိုက် ဆေးဝါးများကို စနစ်တကျ အသုံးပြုရမယ်။ မြေအောက်အောင်းပိုးများနှင့် ဖိုးလမင်းကျိုင်း လောက်ကောင်များ ကြိုတင်ကာကွယ်ရန်အတွက် မြေပြင်စဉ်ကတည်းက ဖစ်ပရိုနေး (Fipronil 0.3% GR) သို့မဟုတ် ကာတပ်ဟိုက်ဒရိုကလိုရိုက် (Cartap Hydrochloride 4% GR) အခဲဆေး တစ်မျိုးမျိုးကို တစ်ဧကလျှင် ၄ ကီလိုနှုန်းဖြင့် မြေခံအဖြစ် ထည့်သွင်းပေးရပါမည်။ အပင်ပေါက်/ရွေ့ပြောင်းစိုက်ပြီး သက်တမ်းတစ်လျှောက် ပျပိုး၊ လှေပိုးနှင့် ရွက်ထွင်းပိုးများ ကြိုတင်ကာကွယ်ရန်အတွက် အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် Fipronil ကဲ့သို့သော ပင်လုံးပြန့်ပိုးသတ်ဆေးများကို (၇) ရက်မှ (၁၀) ရက်တစ်ကြိမ်နှုန်းဖြင့် ပုံမှန်ကြိုတင်ဖျန်းပေးခြင်းဖြင့် ပိုးမကျအောင် ထိရောက်စွာ ကာကွယ်တားဆီးနိုင်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။