အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
362
လွန်ခဲ့သော ၃ လ က · မြင်းခြံ

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျ...

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်

ဖြေကြားချက် ၂ ခု

362 လွန်ခဲ့သော ၃ လ က

ကြေးဇူးပါဆရာ

348,948 လွန်ခဲ့သော ၃ လ က

သက်တမ်း (၂၀) ရက်သား ခရမ်းချဉ်ပင်များသည် ပျိုးပင်ဘဝမှ ရွှေ့ပြောင်းစိုက်ပြီးနောက် အမြစ်စွဲ၍ ကိုင်းဖြာ၊ အရွက်ထွက် သန်မာရမည့် အရေးကြီးဆုံး ကာလဖြစ်ပါတယ်။ အပင်အနေအထား ကောင်းမွန်နေသော်လည်း ယခုလို ရာသီဥတုပူပြင်းချိန်တွင် ကာကွယ်ဆေးများကို စနစ်တကျ ကြိုတင်ဖျန်းပေးရပါမယ်ခင်ဗျာ။ အရွက်နှင့် ပင်စည် သန်မာထွားကျိုင်းစေရန် ယူရီးယား သို့မဟုတ် ကွန်ပေါင်းဓာတ်မြေဩဇာ (NPK 15:15:15) ကို အပင်ခြေပတ်လည်တွင် အနည်းငယ်စီ ကျွေးပေးပါ။အပင်မ‌ လောင်စေရန်အပင်နှင့် အနည်းဆုံး၃လက်မခွာကျွေးပေးပါခင်ဗျာ၊မြေဩဇာနှုန်းထားကိုလည်းအနည်းဆုံးနှုန်းထားဖြင့်ကျွေးပေးပါ။ ပိုးမွှားနှင့် ရောဂါကာကွယ်ရန်အတွက် ယင်ဖြူ၊ လှေးပိုးနှင့် ရွက်ထွင်းပိုးများအတွက် အဆီတာမီပရစ် (Acetamiprid) သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid) ပိုးသတ်ဆေးနှင့်အတူ၊ ခါးရိရောဂါနှင့် မှိုရောဂါကာကွယ်ရန် မန်ကိုဇက် (Mancozeb) သို့မဟုတ် ကာဗင်ဒါဇင် (Carbendazim) မှိုသတ်ဆေးတို့ကို တွဲဖက်၍ အချိုးအစားမှန်ကန်စွာ ပက်ဖျန်းပေးသင့်ပါတယ်။ ဓာတုဆေးဝါးများနှင့် အပင်အားဆေးများကို ရာသီဥတု ပူပြင်းသည့် နေ့လယ်ပိုင်းတွင် လုံးဝမဖျန်းရဘဲ မနက်စောစော (နေမပြင်းမီ) သို့မဟုတ် ညနေစောင်း အေးမြချိန်တွင်သာ စနစ်တကျ ပက်ဖျန်းပေးရပါမယ်ခင်ဗျာ။ အကယ်၍ပိုး၊ရောဂါ ကျရောက်နိုင်ခြေမရှိသေးဘူးဆိုရင်လည်း သဘာဝတမာပိုးသတ်ဆေးဖျန်းရန်အကြံပြုချင်ပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အ...

ဖြေကြားချက် 2 ခု

အပင်စိုက်နည်း မှန်လားဗျ၊မိုးတွေလည်း တအားရွာထားတယ်၊ဘာဆက်လုပ်သင့်လဲ

ဖြေကြားချက် 1 ခု

အရွက်မျာပေါ်မှာ ရွက်ထွင်းပိုးများကျရောက်နေပါတယ်. ဘယ်လိုကြိုတင်ကာကွယ်ရမလဲ

ဖြေကြားချက် 1 ခု

ခရမ်းချဥ် အမိုးမပါပဲ မိုးရာသီစိုက်လို့ရပါသလားခင်ဗျာ။ ဘယ်မျိုးကိုရွေးချယ်ရမလဲ။ ကချင်ပြည်နယ်/မိုးကောင်းမြို့နယ်က...

ဖြေကြားချက် 4 ခု

အစိမ်းရောင်လမ်း မှ စိုက်ပျိုးရေး ဆရာဆရာမ များခမျာ ကျနော့်အနေနဲ့ ထုံး နဲ့ ဒုတ်ထာ ရောစပ်ပြီး ဘော်ဒိုဆေး ဖော်စပ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။