အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
548
လွန်ခဲ့သော ၃ လ က · မြိုင်

တဇောင်းခါး(သို့မဟုတ်)ခစောင်းခါး ရဲ့ ဈေးကွက်အသုံးဝင်ပုံ၊စိုက်ပျိုးနည်းစနစ်နှင့် စက်မှုကုန်ကြမ်းသီးနှံဟုတ်မဟုတ်...

တဇောင်းခါး(သို့မဟုတ်)ခစောင်းခါး ရဲ့ ဈေးကွက်အသုံးဝင်ပုံ၊စိုက်ပျိုးနည်းစနစ်နှင့် စက်မှုကုန်ကြမ်းသီးနှံဟုတ်မဟုတ် ဈေးကွက်အလားအလာ ရှိမရှိ ဆရာတို့ ရှင်းပြပေးပါလားခင်ဗျာ။ [သီးနှံရွေးချယ်ပါမှာ ခစောင်းခါး မပါလို့ ဂေါ်ရခါးသီး ရွေးလိုက်တာပါ။]

ခေတ်သစ်စိုက်ပျိုးရေး ဂေါ်ရခါးသီး

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၃ လ က

တဇောင်းခါး (သို့မဟုတ်) ခစောင်းခါးသည် အညာဒေသတွင် ပေါက်ရောက်ပြီး လက်ရှိတွင် စီးပွားဖြစ်ပါ စိုက်ပျိုးလာကြသည့် ဆေးဖက်ဝင် အဖိုးတန် ဟင်းသီးဟင်းရွက် သီးနှံတစ်မျိုး ဖြစ်ပါသည်။ ဓာတုဗေဒဆေးများ လုံးဝမသုံးရန် သတိပြုရပါမည်။ ၎င်းသည် သမားရိုးကျ စက်မှုကုန်ကြမ်း သီးနှံမဟုတ်သော်လည်း တိုင်းရင်းဆေးနှင့် ကျန်းမာရေးဖြည့်စွက်စာ ထုတ်လုပ်ရေးအတွက် အဖိုးတန်ကုန်ကြမ်း ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်တွင် တစ်ပိဿာလျှင် (၆,၀၀၀) မှ (၈,၀၀၀) ကျပ်ဝန်းကျင် ဈေးကွက်ခိုင်မာမှုရှိပြီး၊ စိုက်ပျိုးစရိတ်သက်သာ၍ ရေရှားပါးသော အညာဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာ အလွန်ကောင်းသော သီးနှံဖြစ်ပါတယ်။သို့ပေမယ့် မိမိအနီးနားမှာ ဝယ်လက်ရှိ/မရှိကိုယ်တိုင်စုံစမ်းမေးမြန်းပြီးမှ စိုက်ပျိုး‌သင့်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။