အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
NAY MYO
NAY MYO 84
လွန်ခဲ့သော ၄ လ က · တိုက်ကြီး

စိုက်ပျိုးရေးဆေး(AI)မှာပါဝင်မှု %နဲ့ g/l အချိုးအစားဘယ်လိုကွာခြားပါသလဲခင်ဗျာ

စိုက်ပျိုး ရေ မတ်ပဲ

ဖြေကြားချက် ၃ ခု

U Maung Maung Htwe
U Maung Maung Htwe အတည်ပြုပြီး 22,970 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

စိုက်ပျိုးရေးဆေး(AI)မှာပါဝင်မှု% ကဆေးအလေးချိန် ၁၀၀ တွင် active ingedrientလို့ဆိုတဲ့ထိရောက်တဲ့ဆေးပါဝင်မှုပမာဏကိုဖော်ပြတာဖြစ်ပြီးg/lကတော့အရေတစ်လီတာတွင်ပါသောAI ပမာဏကိုဂရမ်နဲ့ဖော်ပြတာဖြစ်ပါတယ်

သော်ဇင်
သော်ဇင် 383,686 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

စိုက်ပျိုးရေးဆေးဝါးများတွင် % (ရာခိုင်နှုန်း) ဖော်ပြချက်သည် ဆေးဝါးစုစုပေါင်း အလေးချိန် သို့မဟုတ် ထုထည် ၁၀၀ တွင် ပါဝင်သော ဆေးဓာတ်သန့် အချိုးအစား (w/w) ကို ပြဆိုပြီး အများအားဖြင့် ဆေးမှုန့်များတွင် အသုံးပြုပါသည်။ တစ်ဖက်တွင် g/l (ဂရမ်/လီတာ) ဖော်ပြချက်သည် ဆေးရည် စုစုပေါင်း တစ်လီတာ (၁၀၀၀ မီလီလီတာ) ထုထည်ထဲတွင် အရည်ပျော်ဝင်နေသော ဆေးဓာတ်သန့်၏ အလေးချိန် (w/v) ကို ပြဆိုပြီး ဆေးရည်များတွင် အဓိက အသုံးပြုပါသည်။ ဥပမာအားဖြင့် ဆေးမှုန့် 50% သည် ဆေး ၁၀၀ ဂရမ်တွင် ဆေးဓာတ် ၅၀ ဂရမ် ပါဝင်ခြင်းဖြစ်ပြီး၊ ဆေးရည် 250 g/l သည် ဆေးရည်တစ်လီတာတွင် ဆေးဓာတ် ၂၅၀ ဂရမ် ပါဝင်ခြင်းကို ဆိုလိုသဖြင့် ဆေးအမျိုးအစားအလိုက် တိုင်းတာပုံစနစ် ကွာခြားခြင်းဖြစ်ပါတယ်ခင်ဗျာ။

Nyint Kyaw
Nyint Kyaw 32 လွန်ခဲ့သော ၄ လ က

ခရမ်းချဉ်သီးပင်ဖြုတ်စိမ်းပို့ဝင်နေတယ်ဘာဆေးဖျန်းရမှာလဲ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။