အရွက်ရောင်ကပုံမှန်လာ
ပုံပါ ဂန္ဓမာပင်၏ အညွန့်ပိုင်း အရွက်သစ်များ အဝါရောင်သန်းနေခြင်းသည် ပုံမှန်မဟုတ်ဘဲ အာဟာရဓာတ် (အထူးသဖြင့် သံဓာတ် သို့မဟုတ် နိုက်ထရိုဂျင်ဓာတ်) ချို့တဲ့ခြင်း၊ မြေဆီလွှာတွင် ရေဝပ်၍ အမြစ်များ အောက်စီဂျင်မရခြင်း သို့မဟုတ် စုပ်စားပိုးများ ဖျက်ဆီးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အပင်ပြန်လည်ကောင်းမွန်လာစေရန်အတွက် ရေဝပ်မှုကို ဦးစွာစစ်ဆေးပြီး ရေနုတ်မြောင်းများ ပြုပြင်ပေးရန် လိုအပ်ပါတယ်။ ထို့ပြင် အပင်ကြီးထွားမှု ကောင်းမွန်စေရန် နိုက်ထရိုဂျင်နှင့် အနည်းလိုဓာတ်များ ပါဝင်သော ရွက်ဖျန်းအားဆေးကို ညွှန်းစာအတိုင်း ပက်ဖျန်းပေးခြင်း၊ အရွက်အောက်မျက်နှာပြင်တွင် စုပ်စားပိုးများ ရှိမရှိ စစ်ဆေး၍ လိုအပ်ပါက ပင်လုံးပျံ့ပိုးသတ်ဆေး အသုံးပြုခြင်းတို့ကို ဆောင်ရွက်ပေးရပါမယ်ခင်ဗျာ။ပိုးမကျရင် ပိုးသတ်ဆေးသုံးစွဲရန်မလိုသေးပါဘူးခင်ဗျ။
ဆက်စပ်မေးခွန်းများ
အပင်ရောင်ကဘာလို့ဝါနေလဲ ဘာဆေးေတွသုံးလို့ရမလဲ
ဖြေကြားချက် 2 ခု
ဂန္ဓမာပန်း ခေါင်ညွန်တွေ ခုလိုဖြစ်နေတာ ဘာဆေးဖျနိးရမလဲဗျ
ဖြေကြားချက် 1 ခု
ပန်းမှာအရွက်တွေတအားဝါလို့ဘာဆေးဖြနါးရမလဲရှင့်မှိုဆေးအနေနဲ့ဒိုင်ကိုဇက်တော့ဖြန်းထားတယ်ရှငိ့အကြံပေးပါအုံး
ဖြေကြားချက် 1 ခု
ပန်းပင်တွေကအဲ့လိုဖြစ်နေတာပါရှင်။ဘာဖြစ်တာလဲ။ဘာလိုလုပ်ရမှာလဲလမ်းညွှန်ပေးပါဦး။အပင်သက်တမ်း3လကျော်ပါပြီ။ပန်းပွင့်မှ...
ဖြေကြားချက် 2 ခု
ပန်းပင်တွေကအဲ့လိုဖြစ်နေတာပါရှင်။အပင်သက်တမ်း3လကျော်ပါပြီ။ပန်းပွင့်မှစဖြစ်တာပါ။ဘာကြောင့်ဖြစ်ရတယ်၊ဘယ်လိုလုပ်ရမယ်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။