အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
796
လွန်ခဲ့သော ၃ လ က · နမ့်စန်

မြေတကွက်ထဲကိုစိုက်ထားတာ ရေဝပ်တဲ့အပိုင်းက ပြောင်းပင်ကသေးတယ် ရေမဝပ်တဲ့အပိုင်းက ပြောင်းပင်ကထွားတယ် အခြေအနေသုံးသပ်...

မြေတကွက်ထဲကိုစိုက်ထားတာ ရေဝပ်တဲ့အပိုင်းက ပြောင်းပင်ကသေးတယ် ရေမဝပ်တဲ့အပိုင်းက ပြောင်းပင်ကထွားတယ် အခြေအနေသုံးသပ်ပေးပါ အပင်ပေါက်ကောင်းလား

စိုက်ပျိုးနည်း ပြောင်း
Post image

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၃ လ က

မြေကွက်တစ်ခုတည်းတွင် ရေဝပ်သောအပိုင်းရှိ ပြောင်းပင်များ သေးနေပြီး ရေမဝပ်သောအပိုင်းရှိ အပင်များ ထွားနေခြင်းသည် အစာစပ်ပြောင်း၏ ရေဝပ်ဒဏ်မခံနိုင်သော သဘာဝကြောင့် ဖြစ်ပါတယ်။ ပြောင်းပင်သည် ရေဝပ်ပါက အမြစ်များ အောက်ဆီဂျင်ပြတ်လပ်ပြီး အာဟာရ မစုပ်ယူနိုင်ဘဲ ကြီးထွားမှု ရပ်တန့်ကာ အပင်အဝါရောင်ပြောင်း၍ သေးပုသွားတတ်ပါသည်။ ပုံအရ ခြုံငုံကြည့်လျှင် အပင်ပေါက်နှုန်းမှာ ပုံမှန်အဆင့် (အသင့်အတင့် ကောင်း‌ကောင်းမွန်မွန်) ရှိသော်လည်း ရေဝပ်သည့်နေရာများတွင် ပျက်စီးနိုင်ခြေ ရှိပါတယ်။ ထို့ကြောင့် ရေဝပ်သောအပိုင်းမှ ရေများ အမြန်ဆုံး စီးထွက်သွားစေရန် ရေနုတ်မြောင်းများ ချက်ချင်းတူးပေးရန် လိုအပ်ပြီး၊ ရေနုတ်ပြီးပါက အပင်များ ပြန်လည်လန်းဆန်းလာစေရန် ရွက်ဖျန်းအားဆေးကို အပင်ခြေဆွ၍ ဖြည့်စွက်ကျွေးပေးရပါမယ်ခင်ဗျာ။အရင်၂ပုံကပြောသလိုပဲ ပေါင်းပင်များရှိရင် ရွေးချယ်ပေါင်းသတ်ဆေးအရင်ဖျန်းသင့်ပါတယ်ခင်ဗျာ၊ပေါင်းသတ်ဆေးဖျန်းပြီးနောက်ပေါင်းပင်များ ဆေးထိသွားမှ မြေဩဇာကျွေးခြင်း၊အားဆေးဖျန်းခြင်းများဆောင်ရွက်ပေးရမှာပါခင်ဗျာ။ ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။