အရွက်တေဝါပီး အပင်တေကူးတာမြန်နေလို့ ဘာဖြစ်တာလဲဗျ
ပုံပါအတိုင်း ပဲတီစိမ်းရွက်များ ဝါပြီး ရွက်ကြောစိမ်းခြင်းနှင့် ကူးစက်မှုမြန်ခြင်းသည် ယင်ဖြူ (Whitefly) စုပ်စားပိုးမှတစ်ဆင့် ကူးစက်တတ်သော ပဲတီစိမ်း အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ (MYMV) ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါဝင်ပြီးပါက တိုက်ရိုက်ကုသရန် ဆေးမရှိသဖြင့် ရောဂါရအပင်များကို ချက်ချင်းနုတ်ယူ မီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါသည်။ ထို့ပြင် ရောဂါသယ်ဆောင်သော ယင်ဖြူများကို ကာကွယ်နှိမ်နင်းရန် အင်မီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် ဆိုက်အင်ထရန်နီလီပရိုး (Cyantraniliprole)ကဲ့သို့ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကို အမြန်ဆုံး ပက်ဖျန်းပေးရပါမယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးသွင်းအားစုဆိုင်အသေးစားလေးဖွင့်ချင်လို့တောင်သူကိုတော့ရာသီပေါ်ပေးအကြွေးစနစ်နဲ့ရောင်ချဖို့စီစဉ်ထားပါ...
ဖြေကြားချက် 1 ခု
အပင်ထိပ်မှာ စတွေးထွေးထားသလိုအဖြူအမြုပ်နဲ့ သစ်ပင်ရဲ့ပင်စည်ကလည်း စည်းကပ်ကပ်ဖြစ်နေပါတယ် ဘာပိုးကျတာလဲမသိဘူးရှင့်။...
ဖြေကြားချက် 3 ခု
အခုမေလတွင်ပဲတီစိမ်းဘယ်စျေးဖစ်နေပီလဲ.နောက်ဆုံးရောစျေးတက်လာနိုင်ဖွယ်ရှိလား
ဖြေကြားချက် 1 ခု
ပဲတီစိမ်းခင်းမှာ ပျပိုးလေးတွေကျနေပါတယ် ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 3 ခု
ပဲတီစိမ်းနဲ့ပဲစင်ငုံတွဲစိုက်ထားပါတယ် ၂၀ရက်သားရှိပါပြီ သုံးလို့ရမဲ့ပေါင်းသတ်ဆေးပြောပေးပါ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။