ဖြေကြားချက် ၁ ခု
စပါးခွံမီးသွေးပြာများသည် ရေစိုသွားပါက အပင်အတွက် လိုအပ်သော ပိုတက်စီယမ်ဓာတ် အချို့ ရေနှင့်အတူ မျောပါဆုံးရှုံးသွားနိုင်သော်လည်း၊ အပင်ကို သန်မာစေသည့် ဆီလီကာဓာတ်နှင့် အခြား သတ္တုဓာတ်များ ကျန်ရှိနေသေးသဖြင့် အပင်ရင်းတွင် ဆက်လက် ကျွေးနိုင်ပါသေးတယ်။ အာနိသင် လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ မြေဆီလွှာ မွပွစေရန်နှင့် အမြစ်တွယ် ကောင်းမွန်စေရန် အကျိုးပြုနိုင်ဆဲဖြစ်ရာ သဘာဝမြေဆွေးနှင့် မြေဩဇာများဖြင့်ရောစပ်၍ စနစ်တကျ ပြန်လည်အသုံးပြုလို့ရပါ သေးတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒီလိုစပါးခွံမီးသွေးကို ကြက်မောက်ပင်ခြေမှာဖြစ်စေ ဒူးရင်းပင်ခြေမှာဖြစ် ၁၅ပတ်လည်နှင့်ရောပီးကျွေးလို့ရလား ဆရာသမား...
ဖြေကြားချက် 4 ခု
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
ဖြေကြားချက် 3 ခု
ကြက်မောက်ပင်အရွက်ဖြူဝါရောင်ဖြစ်နေတာဘာဖြစ်လို့လဲ၊ဘာတွေလိုအပ်နေတာလဲ တစ်နှစ်သားလေးပါဗျ
ဖြေကြားချက် 1 ခု
ဒီနွားနို့အခြင်ဖောက်ရည်နှင့် ငါးအမိုင်နိုပြုလုပ်တဲ့အထဲမှာရောထည့်လို့ရလား ထည့်လို့ရရင် ငါးတပိဿာမှာဘယ်လောက်ထည့်...
ဖြေကြားချက် 3 ခု
ငါးကိုအပုတ်ခံထားတာ ရက်၂၀ ရှိပီ အကုန်ကြေမွသွားပီ လောက်ကောင်တော့မရှိဘူး ကော်ပုံးထဲမှာအလုံထည့်ထားတယ် အဲဒါကို တင်...
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ