ဖြေကြားချက် ၁ ခု
ပဲလိပ်ပြာ (အပျိုကြီးပဲ) ကို အညာဒေသ မြိုင်မြို့နယ်မှာ ဆောင်းသီးနှံအဖြစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အောင်မြင်စွာ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးတဲ့အခါ ရေမဝပ်ဘဲ ရေစီးရေလာကောင်းတဲ့ သဲနုန်းမြေ ဒါမှမဟုတ် နုန်းမြေတွေကို ရွေးချယ်ပြီး မြေပြင်ချိန်မှာ သဘာဝမြေဩဇာ အလုံအလောက် ထည့်ပေးရပါမယ်။ မျိုးစေ့နှုန်းအနေနဲ့ တစ်ဧကကို (၆) ပြည်ကနေ (၇) ပြည်အထိ လိုအပ်ပြီး၊ ပဲလိပ်ပြာဟာ နွယ်တက်တဲ့ သီးနှံဖြစ်လို့ အပင်ကြီးထွားလာရင် စင်ဆောက်ပေးခြင်း ဒါမှမဟုတ် တိုင်ထောင်ပေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ပေးရပါမယ်။ စိုက်ပျိုးပြီး သက်တမ်း (၇၅) ရက်ခန့်မှာ စျေးကွက်ဝင် ပဲအစိုစေ့တွေကို စတင်ဆွတ်ခူး ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ပဲလိပ်ပြာ မှာ ပျော့တဲ့ အသီးတွေ ပါနေပါတယ် ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ဆေး AI အကြောင်းလေး ရှင်းပြ...
ဖြေကြားချက် 1 ခု
မင်္ဂလာပါ ပဲလိပ်ပြာခြံ တွင် ကျရောက်နေသော ပိုးနှင် ရောဂါ အကြောင်းလေး မေးချင်လို့ပါ ပဲသီးတွေနွမ်းပြီး အသီးညှပ်နေ...
ဖြေကြားချက် 2 ခု
ပုံမှာ ပြထားတဲ့ ပဲပုဇွန် ခြံတွင် ကျရောက်နေသော မှိုအမျိုးအစားနှင့် ကုသရမဲ့ ဆေး(AI) အမျိုးအစာကို ကျေးဇူးပြု၍...
ဖြေကြားချက် 3 ခု
ပဲလိပ်ပြား အရွပ်၀ါပီ အပြစ်ပုတ်ရောဂါဖစ်နေတယ် ဘာဆေးသုံးသင့်လဲဗျာ
ဖြေကြားချက် 1 ခု
ပဲလိပ်ပြာကို EM+FAA + နွားသေး များကို ရောဖျန်းလို့ ရလားခင်ဗျ။ ဖျန်းနည်းများပြောပေးပါအုံးခင်ဗျ။
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ