အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,253
လွန်ခဲ့သော ၃ လ က · ချောက်

အရွက်အဖျားလေးတွေဘာလို့ဝါနေဗျ

စိုက်ပျိုးစီးပွား မြေပဲ
Post image

ဖြေကြားချက် ၅ ခု

348,989 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

သဘာဝပိုးသတ်ဆေးကြောင့် ဆေးလောင်ခြင်းဖြစ်ပါက ဖြေဆေးအဖြစ် အပင်၏ ဖိစီးမှုကို လျှော့ချပေးပြီး ဆဲလ်များ ပြန်လည်ရှင်သန်စေနိုင်သည့် အမိုင်နိုအက်စစ် (Amino Acid) သို့မဟုတ် ပင်လယ်ရေမှော်ရည် (Seaweed Extract)ပါဝင်သော အားဆေးများကို ရွေးချယ်အသုံးပြုရပါမယ်။ အရွက်များ ပိုမိုမလောင်ကျွမ်းစေရန် လက်ရှိသဘာဝဆေးဖျန်းခြင်းကို လုံးဝရပ်နားထားပါ။ ထို့နောက် လောင်ထားသော အရွက်နုများ ပြန်လည်နာလန်ထူလာစေရန် အထက်ပါအားဆေးတစ်မျိုးမျိုးကို အညွှန်းပါပြင်းအားထက် အနည်းငယ်လျှော့၍ ခပ်ပါးပါး ပက်ဖျန်းပေးရပါမယ်။ မြေဆီလွှာတွင် အစိုဓာတ်မှန်အောင် ရေသွင်းပေးခြင်းဖြင့်လည်း ဆေးအဆိပ်သင့်မှုကို မြန်မြန်ပျယ်စေပါလိမ့်မယ်ခင်ဗျာ။ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

348,989 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

အဒါဆိုရင် လက်ချားထည့်သွင်းသည့်ပမာဏများခြင်းကြောင့် ဆေးလောင်သွားတာဖြစ်ပါလိမ့်မယ်ခင်ဗျာ

1,253 လွန်ခဲ့သော ၃ လ က

ဖြေဆေးဘာဆေးသုံးလို့ရမလဲဗျ

1,253 လွန်ခဲ့သော ၃ လ က

ငါးအမိုင်နိုနဲ့လက်ချားဖျန်းထားတာပါ

348,989 လွန်ခဲ့သော ၃ လ က

မြေပဲရွက်နုများ အရွက်ကြောစိမ်းပြီး အရွက်သားဝါခြင်းသည် အဓိကအားဖြင့် အဟာရဓာတ်ချို့တဲ့မှုကြောင့် ဖြစ်သော်လည်း သဘာဝပိုးသတ်ဆေး ပြင်းအားများခြင်း၊ ဆပ်ပြာရည်လွန်ကဲခြင်း သို့မဟုတ် နေပူထဲဖျန်းမိခြင်းတို့ကြောင့် ဆေးလောင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ ဆေးဖျန်းပြီး ၁ ရက်မှ ၃ ရက်အတွင်း ချက်ချင်းဝါလာပြီး ဆေးရည်တင်ကျန်သည့် နေရာများတွင်သာ ကွက်ဝါပါက ဆေးလောင်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။