အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
44
လွန်ခဲ့သော ၃ လ က · လယ်ဝေး

ကျနော့်ယာကွက်ဟာအင်တိုင်းမြေဖြစ်ပါတယ်၊အဲဒီယာကွက်ထဲမှာဆယ့်နှစ်ရာသီနေထိုင်ရန်အိမ်တလုံးဆောက်ထားပါတယ်၊အိမ်ကောစိုက်...

ကျနော့်ယာကွက်ဟာအင်တိုင်းမြေဖြစ်ပါတယ်၊အဲဒီယာကွက်ထဲမှာဆယ့်နှစ်ရာသီနေထိုင်ရန်အိမ်တလုံးဆောက်ထားပါတယ်၊အိမ်ကောစိုက်ပျိုးသီးပင်တွေပါခြဒဏ်ကြောင့်ဒုက္ခရောက်နေရပါတယ်၊ဘယ်လိုနှိမ်နင်းရပါမလဲ ခြအမြစ်ပြတ်သုတ်သင်နိုင်တဲ့ကိုယ်တိုင်လုပ်သဘာဝနည်းဖြစ်စေဘာဆေးသုံးရမယ်ဆိုတာနည်းပြပေးစေလိုပါတယ်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၅ နှစ်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ခေတ်သစ်စိုက်ပျိုးရေး သရက်

ဖြေကြားချက် ၂ ခု

44 လွန်ခဲ့သော ၃ လ က

ခြနိုင်ဖြန်းဆေးများရှိပါလျှင်မျှဝေပေးစေလိုကြောင်းပါ

348,301 လွန်ခဲ့သော ၃ လ က

စိုက်ပျိုးရေးလုပ်ကိုင်သူများသည် စိုက်ခင်းအတွင်းရှိ ခြပိုးများ ခိုအောင်းနိုင်သော အကိုင်းခြောက်များနှင့် အမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်းလေ့ ရှိကြပါသည်။ ထို့နောက် အပင်ခြေပတ်လည်တွင် တမာဖတ်များ ထည့်သွင်းခြင်း သို့မဟုတ် တမာဆီဖျော်ရည်များ သုံးစွဲခြင်း၊ အပင်စည်တွင် မြေပြင်မှ ၃ ပေခန့်အထိ ထုံးရည်များ သုတ်လိမ်းခြင်းနှင့် အပင်ခြေကို စိုစွတ်မှုရှိစေရန် ရေသွင်းပေးခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ အကယ်၍ ခြပိုးများ အလွန်အမင်း ခိုအောင်းနေပါက စိုက်ပျိုးရေးသမားများသည် ဖစ်ပရိုနေး (Fipronil) သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid) စသည့် ဆေးခဲများကို အပင်ခြေမြေကြီးထဲသို့ စနစ်တကျ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ကျတော့် သရက်ပင်က ပင်အောက်ခြေကနေ အထက်ကို 2တောင်လောက်ရှိပီ အဲ့တာ ယာထဲကိုရွှေစိုက်ထားတာ အခု လူတစုံတယောက်က ဓားမ...

ဖြေကြားချက် 1 ခု

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်...

ဖြေကြားချက် 2 ခု

စိန်တလုံး သရက်ကိုင်းဆက်မျိုးကောင်းတာလေးစိုက်ချင်လို့ ဘယ်ကဝယ်လို့ရမလဲရှင်

ဖြေကြားချက် 2 ခု

သရက်ပွင့်တွေ များပေမယ့် သရက်သီး သီးတာဘာကြောင့်နည်းရသလဲ။ အသီးသီးလာတဲ့ သရက်သီးက ဘယ်လိုအောင်မြင်လာသလဲ ။မသီးနိုင်...

ဖြေကြားချက် 3 ခု

10 ဧက လောက်ကျယ်တဲ့ခြံမှာ သရက်မျိုးကောင်းတာလေးစိုက်ချင်ပါတယ် မြန်မြန်လဲသီးချင်တာဆိုတော့ကိုင်းဆက်လေးဝယ်စိုက်ချင်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။