အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,549
လွန်ခဲ့သော ၃ လ က · ငပုတော

လယ်တစ်ဧက ကိုအုတ်ဖွဲပြာဘယ်လောက်နှုန်းထားထည့်သင့်ပါသလဲခင်ဗျ ပိုတက်ဓာတ်မြေဩဇာ50kgတစ်အိတ်က အုတ်ဖွဲပြာ ဘယ်လောက်...

လယ်တစ်ဧက ကိုအုတ်ဖွဲပြာဘယ်လောက်နှုန်းထားထည့်သင့်ပါသလဲခင်ဗျ ပိုတက်ဓာတ်မြေဩဇာ50kgတစ်အိတ်က အုတ်ဖွဲပြာ ဘယ်လောက်နှုန်းထားနဲ့ညီပါသလဲဆရာခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်ပြီး မိုးရွာ
အပင်အာဟာရ စပါး

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

လယ်တစ်ဧကလျှင် မြေဆီလွှာဖွံ့ဖြိုးပြီး ဆီလီကာနှင့် ပြာဓာတ်ပြည့်ဝစေရန် အအေးခံစပါးခွံဖွဲပြာ ၃ တန် (ကီလိုဂရမ် ၃၀၀၀ ခန့် သို့မဟုတ် ၁၈၀ ပိသာကျော်) ကို မြေခံအဖြစ် ထည့်သွင်းပေးရပါမယ်။ ဓာတုပိုတက်မြေဩဇာ (KCl) ၅၀ ကီလိုဂရမ်တစ်အိတ်တွင် အသားတင်ပိုတက်ရှ်ဓာတ် ၃၀ ကီလိုဂရမ် ပါဝင်သဖြင့် ၎င်းနှင့်အာဟာရချင်း တူညီရန်အတွက် ပိုတက်ရှ်ဓာတ် ၁.၂၈ ရာခိုင်နှုန်းခန့် ပါရှိသော စပါးခွံဖွဲပြာ ကီလိုဂရမ် ၂၃၄၀ ခန့် (ပေါင်ချိန် ၅၁၀၀ ကျော် သို့မဟုတ် ပိသာအားဖြင့် ၁၄၃၀ ပိသာခန့်) ထည့်သွင်းပေးရန် လိုအပ်ပါတယ်။ စပါးခွံဖွဲပြာကို သုံးစွဲခြင်းဖြင့် ဓာတုမြေဩဇာဖိုး ကုန်ကျစရိတ်ကို လျှော့ချနိုင်ရုံသာမက စပါးပင်စည်ကို သန်မာစေပြီး လဲကျခြင်းဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။တခါတည်းပမာဏအားလုံးထည့်သွင်းခြင်ူထက် နှစ်စဉ် နည်းနည်းခြင်းဖြင့်လည်းထည့်သွင်းပေးနိုင်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။