ဖြေကြားချက် ၁ ခု
ကလောက်ဒီ ဆိုတာ sulphur 80wdgကိုပြောတာဖြစ်ပါလိမ့်မယ်။ ကန့် ၈၀%ပါဝင်ပါတယ်။အကျိုးအာနိသင်ကတော့၊ မွှားပင့်ကူ ကာကွယ်နှိမ်နင်းနိုင်တယ်၊အပင်အတွက် sulphur ဓာတ်ရလို့ အရွက်စိမ်းလန်းစေတယ်၊ ပြီးတော့ မှိုရောဂါ ကာကွယ်ပေးတယ်။ ကြက်သွန်ကဲ့သို့ မွှန်တဲ့သီးနှံတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နေပူခ်ျန်၊ရေငတ်ချိန် ရှောင်ပြီး ကျန်အချိန်တွေမှာ ၁၀ရက်ခြား ဖျန်းနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီတွေကို မြန်မြန်ကြီးထွားဖို့အတွက် ဘာလုပ်ပေးရသေးလဲဗျား အမြစ်ပဲထွက်ပြီး အပင် မထွက်လာသေးလို့ပါဗျား
ဖြေကြားချက် 2 ခု
ကြက် သွန်မြေစိုစို မှိုးဆေးဖျန်းပီး နောက်ရက် ဆက်ပီး ကလောက်ဒီဖျန်းလို့ အဆင်ပြေတယ်မလား
ဖြေကြားချက် 2 ခု
ကလောက်ဒီကို ကြက်သွန် ဘယ်အရွယ်လောက်မှာဖျန်းရင် အဆင်ပြေလဲဗျ ကောင်းတဲ့အားဆေးလေးတေရှိရင် လမ်းညွှန်ပါအုံး
ဖြေကြားချက် 3 ခု
ကြက်သွန်နီမျိုးစတင်ပျိုးထောင် ချိန်မှာဘယ်လိုမြေခံသုံးရမလဲဗျ
ဖြေကြားချက် 2 ခု
အရိုးမှုန့်မြေဩဇာလုပ်နည်းကို ပြည့်ပြည့်စုံစုံ သိပါရစေဆရာတို့ခင်ဗျား
ဖြေကြားချက် 2 ခု