အစာစပ်ပြောင်း17ရက်သားပါ အပင်ကိုအာဟာရဖြည့်ဆေးဖျန်းချင်တာ ဘယ်အချိုးဖျန်းသင့်လည်း 25ရက်သားမှ ပုလဲကျွေးမည်။
အစာစပ်ပြောင်း အသက် ၁၇ ရက်သားသည် အမြစ်နှင့် ပင်စည် စတင်ဖွံ့ဖြိုးသည့် ကာလဖြစ်သဖြင့် အမြစ်ဆွဲအားကောင်းစေသော ဖော့စဖရပ်နှင့် အပင်ကြီးထွားမှုကို ပံ့ပိုးပေးသော နိုက်ထရိုဂျင်၊ အမိုင်နိုအက်ဆစ်၊ ဟူးမစ်အက်ဆစ်နှင့် ဇင့် (သွပ်ဓာတ်) ပါဝင်သည့် ရွက်ဖျန်းအားဆေးများကို ရွေးချယ်ဖျန်းပေးသင့်ပါတယ်။ ပုံထဲတွင် ပေါင်းမြက်ငယ်အချို့ တွေ့ရသဖြင့် အသက် ၂၅ ရက်တွင် ပုလဲ (ယူရီးယား) မြေဩဇာ မကျွေးမီ ပေါင်းမြက်များကို စနစ်တကျ အရင်ရှင်းလင်းရန် လိုအပ်ပြီး၊ တစ်ကျင်းလျှင် အသန်ဆုံး တစ်ပင်ပဲချန်ကာ သားခွဲပေးခြင်းဖြင့် အာဟာရဓာတ်ကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်စေပါလိမ့်မည် ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နွားသေးရယ်နောက်ချေးရယ် ထန်းလျက်ရယ် အားဆေးကဘလိုဖော်စပ်ရမလဲရှင့်
ဖြေကြားချက် 3 ခု
အဖူးစားပြောင်းမိုးရာသိဘယ်လိုပြုစုပေးရလဲ
ဖြေကြားချက် 2 ခု
ဒီအခင်းရော သုံးသပ်ေပးပါ
ဖြေကြားချက် 1 ခု
ဆရာကြည့်ပေးပါအူးဗျ နွားကျွေးဖို့ ပြောင်းကြဲထားတာဆရာ ၃ ပတ်ရှိပီဆျာ့ တစ်ခြမ်းက အပင်မသန်ပဲ တစ်ခြမ်းက အပင်သန်တယ်ဆ...
ဖြေကြားချက် 1 ခု
ဆရာခင်ဗျ စစ်ရှောင်နေရလို့ တစ်ပတ်လောက်လောက် ပြောင်းဖူးခင်းကိုမကြည့်နိုင်ဘူးဗျ အခုပြန်ရောက်ကြည့်တော့ ပြောင်းဖူး...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။