တက်ပွတ်အဖြူကို မည်သည့်ဆေး Ai များဖြင့် နှိမ်နင်းလို့ရပါသလဲ ခင်ဗျာ......
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
တောင်သူကြီး သုံးထားသော Bispyribac-sodium ပါ သော ဗစ်ဘမ်းဆေးသည် တက်ပွက်မြက် (ခေါ်) ငသယောင်မြက်ကို အပင်ကြီးချိန်တွင် ထိရောက်စွာ မနှိမ်နင်းနိုင်ပါဘူး။ စပါးခင်းရှိ တက်ပွက်မြက်ကို သေစေရန်အတွက် ပေါင်းပင်သက်တမ်း ၂၀မှ ရက်မှ ၂၅ ရက်အတွင်း၊ မြက်ရွက် ၃-၅ ရွက်ရှိချိန်တွင် Fenoxaprop-P-ethyl ကို အသုံးပြုရပါမည်။ ဆေးမဖြန်းမီ စိုက်ခင်းအတွင်းရှိ ရေကို ကုန်စင်အောင် ထုတ်ရမည်ဖြစ်ပြီး၊ ဆေးဖျန်းပြီး ၂ ရက်အကြာတွင် ရေပြန်သွင်းကာ ၅ စင်တီမီတာအနက်ဖြင့် ၇ ရက်ခန့် ရေပိတ်လှောင်ထားမှသာ ဆေးအာနိသင် အပြည့်အဝရရှိပြီး မြက်များ အမြစ်အထိ ပုပ်ပျက်သေဆုံးသွားမည် ဖြစ်ပါတယ်ခင်ဗျာ။
ဟူးမစ်အက်စ် ၊ထရိုင်ကိုဒါးမား၊ငါးအမိုင်နိုနှင့် အီးအမ်တို့ရောပြီးမြေခံဖြန်းပေးရင်အကျိုးသက်ရောက်မှုသိပါရစေရှိလျင်ရောစပ်ရမည့်အချိုးသိချင်ပါသည်။
ဆေးထုပ်ပါနှုန်းထားအတိုင်းသုံးစွဲပါ၊ နောက်ဆိုရင်ပေါင်းပင်ငယ်စဉ်တည်းက ပေါင်းသတ်ဆေးဖျန်းမှထိရောက်မှုအကောင်းဆုံးပါခင်ဗျာ။အခုပုံပါပေါင်းပင်အရွယ်အစားကတော်တော်ကြီးနေပါပြီ ထိရောက်မှုနည်းတာမျိုးဖြစ်နိုင်ပါတယ်ခင်ဗျာ
ထည့်ရမည့်နှုန်းထားလေးလဲ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပျိုးခင်းရွက်ဖြူတွေ့နေလို့ပါဘယ်လိုဖြစ်သာလဲဗျ
ဖြေကြားချက် 1 ခု
Flubendiamide စပါးဆစ်ပိုးအတွက်ဖြန်းလို့ရပါသလားဗျ? ရွှေဘိုပေါ်ဆန်း
ဖြေကြားချက် 3 ခု
မြန်မာနိုင်ငံမှာ စိုက်ပျိုးမှုအများဆုံး စပါးမျိုးအမည်များ သိချင်လို့ပါရှင့် data ကြည့်လို့ရတဲ့ website ရှိရင်...
ဖြေကြားချက် 4 ခု
တစ်ခုလောက်မေးခွင့်ပြုပါဆရာရေမြုပ်တဲ့စပါးတွေရေပြန်ကျပေမဲ့စပါးခင်းထဲမှာရေညိတွေအများကြီးရှိနေပါတယ်စပါးပင်ရှင်သန်...
ဖြေကြားချက် 3 ခု
ဗီယက်နမ်ရက်၁၀၀စပါးအတွက်မြေဩဇာဘယ်နှကြိမ်ကျွေးသင့်လဲ?ဘယ်ရက်တွေမှာကျွေးရမလဲ?
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။