အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
188
လွန်ခဲ့သော ၂ လ က · မြောင်းမြ

ဆရာတို့ပြောသလိုမြေသြဇာကျွေးမယ်ဆိုပြန်တော့ TSPဝယ်မရတာကြောင့်ဒီလိုလေးရောစပ်ကျွေးလို့အဆင်ပြေမလားခမျာ (၃)နှစ်သားအ...

ဆရာတို့ပြောသလိုမြေသြဇာကျွေးမယ်ဆိုပြန်တော့ TSPဝယ်မရတာကြောင့်ဒီလိုလေးရောစပ်ကျွေးလို့အဆင်ပြေမလားခမျာ (၃)နှစ်သားအသီးမပေးတပေးအပင်တွေအတွက် တစ်ကြိမ်စာ ဘယ်နှုန်းကျွေးရမလဲခမျာ ရောစပ်ပြီးကျွေးရမဲ့ပမာဏကိုပြောပြပေးပါခမျာ

အပင်အာဟာရ ကွမ်းသီး
Post image
Post image

ဖြေကြားချက် ၃ ခု

348,301 လွန်ခဲ့သော ၂ လ က

တစ်ပင်ကို တစ်ခါကျွေးရန်နှုန်းထားပါခင်ဗျာ

188 လွန်ခဲ့သော ၂ လ က

15.15.15မြေသြဇာ၃၆ကျပ်သားနှင့်0.0.60မြေသြဇာ ၁၄ကျပ်သားကတစ်ခါကျွေးရယ်နှုန်းတားလားဗျ

348,301 လွန်ခဲ့သော ၂ လ က

အသက် (၃) နှစ်အရွယ် ကွမ်းသီးပင်တစ်ပင်အတွက် အပင်မလောင်စေရန် တစ်ကြိမ်ကျွေးလျှင် ၁၅-၁၅-၁၅ မြေဩဇာ ၃၆ ကျပ်သား နှင့် ၀-၀-၆၀ မြေဩဇာ ၁၄ ကျပ်သား (စုစုပေါင်း ၅၀ ကျပ်သား ) ကို သမအောင် ရောစပ်၍ ကျွေးရပါမယ်။ ကွမ်းသီးပင်များကို တစ်နှစ်လျှင် အနည်းဆုံး ၂ ကြိမ် (မိုးဦးကျ တစ်ကြိမ် နှင့် မိုးနှောင်းပိုင်း/ဆောင်ဦး တစ်ကြိမ်) ခွဲ၍ ကျွေးပေးရပါမယ်။ အပင်ခြေရင်းမှ ၁ ပေ ခွဲ သို့မဟုတ် ၂ ပေခန့် အကွာတွင် ပတ်လည်တူး၍ မြေဩဇာကို ညီညာစွာ ဖြူးပေးပြီးနောက် မြေပြန်ဖုံးကာ ရေဝအောင် လောင်းပေးရပါမယ်။အပင်များ ပိုမို ဖွံ့ဖြိုး စေရန်အတွက် နွားချေး သို့မဟုတ် သဘာဝမြေဆွေး (Organic Compost) များကိုပါ တစ်ပါတည်း ရောစပ် ကျွေးပေးပါက မြေဆီလွှာကို ပိုမို ကောင်းမွန် စေပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။