အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လက်တွေ့တောင်သူ
လွန်ခဲ့သော ၃ လ က · ကျောင်းကုန်း

တစ်ခုလောက်သိချင်လို့ပါဆရာကျွန်တော့ညီတစ်ယောက်GW11စပါးငါးဧကကျဲထားပါတယ်သူလုပ်တဲ့ပုံစံကမှားလာမှန်လားဆိုတာသိချင်လို့ပါဆရာသူမြေခံမှာတီစူပါလေးအိတ်ပိုတက်နှစ်အိတ်ဒိုလိုမိုက်ငါးအိတ်ထည့်ထားပါတယ်ဆရာစပါး15ရက်သားကနေစပြီးပုလဲဂျစ်ဆမ်ပိုတက်ရောစပ်ပြီးကျွေးပါတယ်မှိူ့ကပ်ချိန်ထိကိုပုလဲ6အိတ်ပိုတက်2အိတ်ဂျင်ဆမ်5အိတ်ကျွေးမယ်လို့ပြောပါတယ်ပိုးသတ်‌ဆေးနဲ့ရွက်ဖျန်းအားဆေးတစ်လှည့်စီဖျန်းပါတယ်ပေါင်းသတ်ဆေးကဖျန်းပီးပြီးသူလုပ်တဲ့အနေအထားကအဆင်ပြေနိုင်မလားဆိုတာသိချင်လို့ပါဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
အပင်အာဟာရ စပါး

ဖြေကြားချက် ၃ ခု

လက်တွေ့တောင်သူ
လက်တွေ့တောင်သူ 9,546 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါဆရာ

သော်ဇင်
သော်ဇင် 452,472 လွန်ခဲ့သော ၃ လ က

သွင်းအားစုနည်းနည်းဖြင့် အထွက်တိုးအောင်လုပ်ဆောင်နိုင်လျင်အကောင်းဆုံးပါဗျ၊ ပုလဲလိုမြေဩဇာကိုတော့ အပင်က လိုအပ်မှကျွေးသည့်စနစ်ကိုသုံးတာ အကောင်းဆုံးပါ

သော်ဇင်
သော်ဇင် 452,472 လွန်ခဲ့သော ၃ လ က

ဒိုလိုမိုက်၊ တီစူပါနဲ့ ပိုတက်တွေကို မြေပြင်ချိန် (ထွန်တုံးပိတ်ချိန်) ကတည်းက ကြိုထည့်ထားတာဟာ စပါးအမြစ် စွဲအားကောင်းဖို့အတွက် အလွန် မှန်ကန် သော နည်းလမ်း ဖြစ်ပါတယ်။ သို့သော် ဒိုလိုမိုက် (ထုံးဓာတ်) နှင့် တီစူပါတို့ကို တစ်ရက်တည်း တစ်ပြိုင်နက်တည်း ရောကြဲပါက ဓာတ်ပြယ်ပြီး မြေဩဇာ အာနိသင် လျော့နည်းသွားနိုင်သဖြင့် ဒိုလိုမိုက်ကို အနည်းဆုံး ၃ ရက်ခန့် ကြိုကြဲပြီးမှ တီစူပါ ထည့်သင့်ပါတယ်။ နောက်ပိုင်း ရက် ၁၅ ရက်သားမှ စတင်ကျွေးမည့် အစီအစဉ်တွင် ပုလဲ ၆ အိတ်ကို ရက် ၂၀၊ ရက် ၃၅ နှင့် မှို့ကပ်ချိန်ဟူ၍ ၃ ကြိမ် ခွဲကျွေးရန် လိုအပ်ပြီး၊ ဂျစ်ဆမ် ၅ အိတ်ကိုမူ မှို့ကပ်ချိန်အထိ ဆွဲမကျွေးဘဲ ရက် ၂၀ သား ပထမအကြိမ် ပုလဲကျွေးချိန်မှာတင် အပြီးကျွေးရပါမယ်။ ပိုးသတ်ဆေးကို ရက်အလိုက် ပုံသေမဖျန်းဘဲ ကွင်းဆင်းစစ်ဆေးပြီး ပိုးတွေ့မှဖျန်းရန်နှင့် အားဆေးကို နို့ရည်တည်ချိန် သို့မဟုတ် (ပန်းပွင့်ချိန်ကာလမှလွဲ၍) ဖျန်းရန် ဆက်လက် ပြင်ဆင်သင့်ပါတယ်ခင်ဗျာ။ မှားသလိုရှိတာလေးတွေကို ပြင်ဆင်ပေးထားတာပါခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အမေအဖြေအစီအစဉ်မှဆရာများအားလုံးမဂ်လာခင်ဗျာကျွန်တော်တခုလောက်မေးချင်ပါတယ်ရာသီစပါးပင်ရှည်မျိုးများမှာNPKအဟာရသုံး...

ဖြေကြားချက် 7 ခု

တစ်ခုလောက်မေးခွင့်ပြုကြပါရာတို့ခင်ဗျာကျွန်တော်စပါးခင်မှာအပင်ခြေမှာအကိုက်ဖြတ်ခံထာရပါတယ်အူတိုင်အပင်မှာဝါပြီး...

ဖြေကြားချက် 5 ခု

Gw11လာမဲ့နှစ်စိုက်မလို့အဝယ်တော်ရှိလားခဗျ

ဖြေကြားချက် 2 ခု

တစ်ခုလောက်မေးခွင့်ပြုပါဆရာယူရီးယားတီစူပါပိုတက်စတဲ့‌ေမြဆီ‌ေတွကိုတစ်အိတ်ချင်းစီဝယ်ပြီးရောစပ်တာနဲ့15ပတ်လည်ရောစပ်...

ဖြေကြားချက် 3 ခု

တစ်ခုလောက်မေးခွင့်ပြုပါဆရာတို့ခင်ဗျာမိုးရာသီမှာပိုးသတ်ဆေးသိူ့မဟုတ်မှိူသတ်ဆေးဖျန်းရင်ဘယ်နှစ်နာရီလောက်မှမိုးရွာ...

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။