ပုံနှစ်ပုံကရောဂါအမည်နှင့်ကုသနည်းတွေဖြေပေးပါအုံး တစ်ပုံကအပင်မတက်လာတော့ဘဲတိုနေတာပါ
ရောဂါ မဟုတ်ပဲ၊အာဟာရချို့တဲ့တာလို့ယူဆပါတယ်။ရေများပြီး၊အမြစ်တွေနာ၊အစာမစားနိုင်ဖြစ်နေပုံပါ။(ရေပါးပါးထားပြီး၊ပိုတက်ခ်ျ+ဂျစ်ဆန် သို့မဟုတ် K-humic ပက်ကျွေးပါ။
ဟုတ်ကဲ့ပါ ပထမပုံ ပေါင်းသတ်ဆေးသုံးထားတာတစ်လလောက်ရှိပါပြီ အဲ့ချိန်အပင်နာပါတယ် ပုံမှန်ဖြစ်လာြပုလဲသုံးတာမကြာသေးပါဘူး ပုလဲအားကျလာပြီးနောက် ခုလိုဖြစ်လာတာပါ
Potassium ဓာတ်ချို့တဲ့လက္ခဏာ အနေထားလို့မြင်တယ် ဦးကြီးခင်ဗျာ တစ်ကွင်းလုံး အလိုဖြစ်နေပြီဆိုရင် Potassium ဓာတ်ချို့တတ်တဲ့ လက္ခဏာလို့ပဲမြင်ပါတယ် ပေါင်းသက်ဆေးတေကို ဆေးညွန်းပါတဲ့အတိုင်းထက်ပိုပြီးသုံးလို့ အပင်လောင်ကျွမ်းသွားသလို ထင်ရတယ်ဗျ 🌱🧑🌾
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးမှိုကပ်ချိန်ကိုဘယ်လိုတွက်ရလဲခဗျ🙏🙏🙏🙏
ဖြေကြားချက် 2 ခု
စပါးခွံပေါင်းခံရည်အစား ဆန်စက်တေကရတဲ့ Gas ရည်တေကို အသုံးပြုရင်ကော အဆင်ပြေလားဗျ
ဖြေကြားချက် 0 ခု
ဘိုကာရှီ ဂျစ်ပ်ဆန် ယူရီးယား တွဲသုံးလို့ အဆင်ပြေမလာဗျ ဘယ်လိုအသုံးပြုလဲဗျ ပြောပြပေးပါဦး ပေါ်ဆန်းခင်းမှာအသုံးပြု...
ဖြေကြားချက် 0 ခု
ကရင်ပြည်နယ် ဝါမီးကလားအုပ်စု၊ မယ်လအားခီးရွာမှာစပါးခင်းထဲပိုးကျနေတဲ့ပုံပါ။ ဘာပိုးတွေလဲ?
ဖြေကြားချက် 1 ခု
မြေဩစာကျွေးနည်းအကြောင်း
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။