ပုံထဲကအတိုင်းနှမ်းခင်းမှာအပွင့်တွေခြောက်ပြီးအသီးကြဲနေတာဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၆၀ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- ရာသီဥအုံ့မှိုင်း
အသီးကြဲတာကတော့ နှမ်းပင်ရဲ့ အဆစ်တွေ ကြဲတာကြောင့်ပါ။ ဖြစ်နိုင်ခြေတွေက အများကြီးရှိပါတယ်။ ပထမက မျိုးမသန့်တော့ကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နေရောင်ခြည်ရတာနည်းလို့ အပင်တွေက ရိုးတံရှည်လာတာမျိုးပါ။ နောက်တစ်မျိုးကတော့ ပုလဲဓာတ်များသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝတ်မှုန်အောင်ပြီး အသီးတင်ဖို့အတွက် ဘိုရွင်နဲ့ဇင့်ပါတဲ့ ရွက်ဖျန်းအားဆေးလိုမျိုး ဖျန်းပေးနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
နွေနှမ်းစိုက်ပျိုးနည်း သိချင်လို့ပ့ဗျ ဘောင်စနစ်နဲ့ပ့ဗျ
ဖြေကြားချက် 0 ခု
အပွင့်အသီးဝင်နေသောနှမ်းပင်တေကို10ရက်ကြာအချဉ်ဖောက်ထားတဲ့နွားသေးကိုပြာရည်ကြည်နက်တွဲပီးဖျန်းပေးလို့ရပါသလ့ ရရင်လ့...
ဖြေကြားချက် 1 ခု
ယာမြေပါ မြေချဥ်၊ငန် အကြမ်းဖျင်းဘယ်လိုသိနိုင်ပါသလဲခင်ဗျာ။
ဖြေကြားချက် 2 ခု
နှမ်းခင်းမှာပုံထဲကအတိုင်းအဖျားပိုင်းကျိုးပြီးပျက်နေတာ ရောဂါပိုးမွှားကြောင့်လားသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းခင်းမှာပေါက်တကိတဲ့ပေါင်းတွေကိုနှမ်းမစိုက်ခင်ပေါင်းသတ်ဆေးဖျန်းရင်နှမ်းစိုက်တဲ့အခါနှမ်းအတွက်အန္တရယ်ရှိလားဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။