အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,314
လွန်ခဲ့သော ၁ လ က · တောင်တွင်းကြီး

စပါးပင်တွေဝါနေလို့ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၉ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်
အပင်အာဟာရ စပါး
Post image
Post image

ဖြေကြားချက် ၁ ခု

348,957 လွန်ခဲ့သော ၁ လ က

ပုံပါ စပါးခင်းတွင် မြေဆီလွှာများ လုံးဝခြောက်သွေ့ကာ ပတ်ကြားအက်နေပြီး အပင်ငယ်များ ရေငတ်ခြင်းနှင့် အာဟာရမစုပ်ယူနိုင်ခြင်း ကြောင့် ဝါနေခြင်း ဖြစ်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် အရေးပေါ်အဆင့်အနေဖြင့် အက်ကြောင်းများ ပိတ်သွားသည်အထိ စပါးခင်းထဲသို့ အမြန်ဆုံး ရေသွင်းပေးရပါမယ်။ ရေသွင်းပြီး (၃) ရက်မှ (၅) ရက်အတွင်း အပင်ပြန်လည် လန်းဆန်းပြီး ကြီးထွားလာစေရန်အတွက် ယူရီးယား မြေဩဇာကို တစ်ဧကလျှင် အိတ်ဝက်နှုန်း မြေစိုစိုတွင် ကြဲပက်ပေးရပါမည်။ ထို့ပြင် အမြစ်များ အလုပ် ကောင်းကောင်းမလုပ်နိုင်သေးမီ အရွက်မှတစ်ဆင့် အာဟာရ ချက်ချင်းရရှိစေရန် နိုက်ထရိုဂျင် သို့မဟုတ် အမိုင်နိုအက်ဆစ် ပါဝင်သော ရွက်ဖျန်းအားဆေးကို တွဲဖက်ဖျန်းပေးသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။