အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
152
လွန်ခဲ့သော ၁ လ က · ဘိုကလေး

နွေစပါးတွင်ပြပိုး​ဆေးလည်းဖြန်းချင်သည်ဂုတ်ကျိုး​ရောဂါကာကွယ်​ဆေးလည်းဖျန်းချင်သည် လုပ်အားသက်သာ​အောင်​ရောဖြန်းလို့...

နွေစပါးတွင်ပြပိုး​ဆေးလည်းဖြန်းချင်သည်ဂုတ်ကျိုး​ရောဂါကာကွယ်​ဆေးလည်းဖျန်းချင်သည် လုပ်အားသက်သာ​အောင်​ရောဖြန်းလို့ရပါသလားဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
ပိုးမွှားရောဂါ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၁ လ က

စိုက်ပျိုးနည်းကတော့ profile အောက်က လမ်းညွှန်မှာ အပြည့်အစုံဖတ်လို့ရပါတယ်။ အခြေခံအကျဆုံးအချက်တွေကတော့ မျိုးသန့်သုံးပါ။ သွေးသစ်မလောင်းထားတဲ့ မျိုးတွေက ပိုးမွှားရောဂါကို မခံနိုင်ပါဘူး။ ဓာတုမြေဩဇာတစ်ခုတည်းမဟုတ်ဘဲ သဘာဝမြေဩဇာနဲ့ အဏုဇီဝအခြေပြု ဇီဝမျိုးဩဇာများပါ ပူးတွဲအသုံးပြုပါ။ အပင်ကြားတန်းကြား အနေတော်ထားပါ။ စိပ်လွန်းပါက စပါးပင်များကြား ပူနွေးစိုစွတ်လာပြီး ပျနဲ့ ပိုးမွှားရောဂါတွေကို ဖိတ်ခေါ်သလို ဖြစ်နေပါလိမ့်မယ်။ ရေကို မလိုအပ်ဘဲ အများကြီးမသွင်းထားပါနဲ့။ စိုတစ်ခါခြောက်တစ်လှည့်စနစ်ကို ကျင့်သုံးပေးပါ။

You

ဆက်စပ်မေးခွန်းများ

တစ်နှစ်သား အုန်းချိုမွှေးပင်လေးပါ အလယ်အူတိုင်အရွက်က ခြောက်ပြီး မိုးရောင်လည်း အနည်းငယ်တွေ့ပါတယ် ဆွဲကြည့်တော့...

ဖြေကြားချက် 1 ခု

အုန်းချိုမွှေး ခြကိုက်နေလို့ပါ ကူညီကြပါအူံးခင်ဗျ စိုက်ပြီး 8 လ ပဲ ရှိပါသေးတယ်ခင်ဗျ

ဖြေကြားချက် 2 ခု

ကွမ်းပင်ခြေပုပ်အတွက် အဲ့ဆေးသုံးမျိုးကို ဆိုင်ကဖျန်းဖို့အကြံပေးပါတယ်ဆရာကြီး အဆင်ပြေနိုင်မလားသိချင်ပါတယ် အဲ့ဆေး...

ဖြေကြားချက် 4 ခု

ဘယ်ဆေးတွေနိုင်လဲ ပြောပေးပါဦး။ တစ်ခေါက်ဖျန်းထားတာ မသေသေးလို့ပါ။

ဖြေကြားချက် 1 ခု

တောင်ပျံစပါးအရွက်အဖျားတွေခြောက်လာလို့ ဘာဖြစ်တာလဲဗျ #သက်တမ်း၁၅ရက်မှာ ရွှေနဂါးပေါင်းသေပင်တတ် ကျွေးထား #မိုးစပါး

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။