အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
548
လွန်ခဲ့သော ၁ လ က · မြိုင်

အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်...

အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။

ပိုးမွှားရောဂါ မြေပဲ
1

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၁ လ က

ရက်ဆက်မိုးရွာပြီး စိုထိုင်းဆများချိန်တွင် မြေပဲခင်းများ၌ အထွက်နှုန်းထက်ဝက်ခန့် ကျဆင်းစေနိုင်သော "မြေပဲရွက်ပြောက်မှိုရောဂါ" ကျရောက်တတ်ပါတယ်။ ၎င်းကို သဘာဝနည်းဖြင့် ကာကွယ်ရန် တမာဆီ (၅%) ကို (၁၅) ရက်တစ်ကြိမ် ဖျန်းပေးခြင်း၊ ထရိုင်ကိုဒါးမားမှိုကို မြေဩဇာနှင့်ရောစပ် ထည့်သွင်းခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ ဓာတုဆေးနည်းဖြင့် ကာကွယ်လိုပါက မိုးစဲချိန်တွင် ကာဘင်ဒါဇင်Carbendazim+မန်ကိုဇက်Mancozeb၊ ကလိုရိုသာလိုနေး Chlorothalonilသို့မဟုတ် တက်ဗျူကိုနာဇိုးTebuconazole မှိုသတ်ဆေးတစ်မျိုးမျိုးကို မိုးရေနှင့်မျောပါမသွားစေရန် ဆေးစွဲကပ်စေးနှင့် ရောစပ်ပက်ဖျန်းရပါမယ်။ ထို့ပြင် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျဖောက်ပေးခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းတို့ကိုလည်း မဖြစ်မနေ ပူးတွဲလုပ်ဆောင်သင့်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှို...

ဖြေကြားချက် 1 ခု

မြေပဲအထွက်တိုးရန်ဘ​ဆေး​တွေသုံးရမလဲ ၁၅ ရက်သားရှိပြီ ပင်​ထောင်

ဖြေကြားချက် 1 ခု

မြေပဲပေါင်းလိုက်ချိန်အမှန်ဘယ်နှစ်ရက်သားကစပြီးပြုလုပ်ရပါသလဲခင်ဗျာ အပွင့်ပွင့်ချိန်လိုက်ရမလား မပွင့်ခင်လိုက်ရမ...

ဖြေကြားချက် 1 ခု

ထရိုင်ကိုဒါးမား.မှုိသတ်ဆေးကိုကိုယ်တိုင်ဖော်စပ့လို့ရလား...ဖော်စပ်နည်းလေးရှိရင်လဲမျှဝေပေးကြပါအုံးဗျ...ထရိုင်ကို...

ဖြေကြားချက် 2 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။