အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
465
လွန်ခဲ့သော ၁ လ က · နောင်ချို

နှံစားပြောင်းခင်းပါဒီလိုရောဂါတွေဖြစ်နေလို့ဘာမှိုလဲပြောပေးပါဦး

ပိုးမွှားရောဂါ ပြောင်း
Post image
Post image

ဖြေကြားချက် ၂ ခု

465 လွန်ခဲ့သော ၁ လ က

ဟုတ်ကဲ့ကျေးဇူးပါဗျ

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၁ လ က

ပြောင်းရွက်ခြောက်ရောဂါ northern corn leaf blight ပါ။ ဆရာဒို့ဦးလေးရေးထားတဲ့ ဆောင်းပါးကို လေ့လာနိုင်ပါတယ်။ ပြောင်း,ရွက်​ခြောက်​ရောဂါ...သတိပြုပါ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ ​ရောဂါခံနိုင်ရည်ရှိ​သော မျိုး​ကောင်းမျိုးသန့်ကို ​ရွေးချယ်စိုက်ပါ။ အပင်အကြွင်းအကျန်များကို ဆွေး​မြည့်​စေပြီးမှ(ရှင်းလင်းပြီးမှ) စိုက်ပါ။ ​(မြေ​ဆောင်​ရောဂါ မဟုတ်လို့၊ မျိုး​စေ့လူး​ဆေးအသုံးပြုလို့ မထိ​ရောက်နိုင်ပါ) အာဟာရ အချိုးမျှတ​အောင်ကျွေးပါ(ယူရီးယား များလွန်းခြင်း ​ရှောင်ပါ) သီးလှည့်စိုက်ပါ( ပဲပုတ်၊ ပဲတီစိမ်း၊ မတ်ပဲ၊​ နေကြာ..စသည်သီးနှံများနဲ့ အလှည့်ကျစိုက်ပါ) အပင်တစ်လသားအရွယ် ထရိုင်ကိုဒါးမားကို သဲနဲ့​ရောပြီး အပင်​ခြေထည့်​ပေးပါ။ ဆာလဖာဖျန်း​ပေးခြင်းဖြင့်လည်း ​ရောဂါကာကွယ်မှု ထိ​ရောက်​စေပါသည်။ မှိုသတ်​ဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း အောက်​ဖော်ပြပါ ​ဆေးအုပ်စုများမှ သင့်​တော်ရာတမျိုး သို့မဟုတ် တမျိုးထက်ပိုပြီးကို အညွှန်းပါအတိုင်း အသုံးပြုနိုင်ပါတယ်။ Mancozeb Captan Chlorothalonil Propiconazole Hexaconazole Difenoconazole Azoxystrobin Pyraclostrobin

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။