ဖြေကြားချက် ၃ ခု
ပေါ်ဆန်းသက်ရင် (ခေါ်) ပေါ်ဆန်းရင် စပါးမျိုးသည် သက်လျင်အမွှေးနံ့သာစပါး ဖြစ်သဖြင့် မြေသြဇာ အလွန်အကျွံကျွေးလျှင် အပင်လဲပြီး အရည်အသွေးကျတတ်ပါတယ်။ အထွက်တိုးစေရန် မြေခံတွင် ကွန်ပေါင်းမြေသြဇာ (၁၅:၁၅:၁၅) တစ်အိတ်နှင့် သဘာဝမြေဆွေးကို တွဲသုံးရပါမယ်။ အပင်ပွားချိန်တွင် နိုက်ထရိုဂျင် (Urea) ကို လျှော့ချ၍ ပိဿာ ၁၀-၁၅ ခန့်သာ ကျွေးပြီး၊ စပါးမှို့ကပ်ချိန်တွင် စပါးနှံအောင်ရန် ပိုတက်ရှ် (MOP) ကို ပိဿာ ၁၀ ခန့် မဖြစ်မနေ ထည့်ပေးရပါမယ်။ ထို့ပြင် အစေ့အဆန် ညီညာအောင်မြင်ပြီး အဖျင်းကင်းစေရန် အပင်သက်တမ်းအလိုက် အမိုင်နိုအက်ဆစ်၊ ဘိုရွန်နှင့် သွပ်ဓာတ်ပါဝင်သော အနည်းလို ရွက်ဖျန်းအားဆေးများကို စနစ်တကျ တွဲဖက်ပက်ဖျန်းပေးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးဂုတ်ကျိုးရောဂါ(rice neck blast)သုံးသင့်သည့်fungicideပြောပြပါ့လားဗျ
ဖြေကြားချက် 2 ခု
စပါးရွက်ခြောက်ရောဂါ(BB)အတွက်သုံးသင့်သည့်fungicideလေးပေးပါ့လား
ဖြေကြားချက် 1 ခု
စပါးရွက်ကို စားလားဗျာ စပါးတစ်ပင်မှာ အကောင်၁၀၀လောက်ရှိတယ် ဖြေပေးကြပါအုံး ဆရာများ
ဖြေကြားချက် 1 ခု
ဆရာကြီးရေး ပိုတက်ကို စပါးဖုံးတဲ့အချိန် သုတစ်မျိုးထဲကျွေးကတာလာ Nတို pတို ကဘာကြောင့်မကျွေးကြတာလဲ ကျွန်တော့စပါးက...
ဖြေကြားချက် 3 ခု
နှံစုပ်ပိုး အနည်းငယ်ကျ နေပါတယ် ဒီရက်မိုးလဲများတော့ ပန်းပွင့်ကြွေတာလား နှံစုပ်ကြောင့်လား ဆေးနောက်တကြိမ်ဖြန်း...
ဖြေကြားချက် 1 ခု