အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
758
လွန်ခဲ့သော ၇ နှစ် က · ကျိုက်ထို

ကြက်မောက်ပင် လေးနှစ်ခွဲ အသီးတင်ရန် တစ်ရက်ကို ရေဘယ်နဂါလံလိုအပ်သလဲ သိရင်ဖြေကြားပေးပါ

စိုက်ပျိုး ရေ ကြက်မောက်သီး
Post image
Post image
Post image
Post image
2

ဖြေကြားချက် ၂ ခု

20,386 လွန်ခဲ့သော ၇ နှစ် က

ယေဘူယျအားဖြင့် ခြောက်သွေ့သောကာလတွင် ရေသွင်းခြင်းကို နှစ်ရက် သုံးရက် တစ်ကြိမ်ဖြင့် ပန်းပွင့်ရန် သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့်အချိန်မှလွဲ၍ ပြုလုပ်ပေးရန်ဖြစ်သည်။ သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့်အချိန် ပြီးဆုံးသည်နှင့် အပင်များမှာ ရေအသင့်အတင့် လိုအပ်ပါသည်။ ပန်းပွင့်စဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းပါက အသီးတင်မှုနည်းပါးသွားပါသည်။ ဝတ်မှုန်ကူး အင်းဆက်များ လှုပ်ရှားမှုနည်းသွားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် ပန်းပွင့်ရန် သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့် အချိန်အတွင်း ရေကိုထိန်းချုပ်ပေးခြင်းဖြင့် ပန်းပွင့်ချိန်စောအောင် ပြုလုပ်နိုင်ပါသည်။ အဓိကသီးထွက်ချိန်မှာ မေ၊ ဇွန် ဖြစ်ပြီး အသီးစောပေါ်ခြင်းနှင့် နောက်ကျပေါ်ခြင်းက ဈေးပိုရစေပါသည်။ သဲဆန်သောနုန်းမြေတွင် စိုက်ပျိုးသော မြေထုပ်စည်းအပင်များနှင့် အပင်ကြီးများကို ရေထိန်းချုပ်ပေးခြင်းဖြင့် ပန်းပွင့်အောင်ဆောင်ရွက်ရာတွင် အခြေအနေများစွာပေးပါသည်။ ရေရှားပါးသောနေရာများတွင် အစက်ချရေသွင်းပေးခြင်းက သင့်လျော်ပါသည်။ တစ်ပင်အတွက် အစက်ချပေါင်း နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ လိုအပ်ပါသည်။

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၇ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။