အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
208
လွန်ခဲ့သော ၁ လ က · ဆော

ဒါက မြစ်ပိုးလား ရောဂါလားဗျာ ဘာလုပ်ရင် ကောင်းမလဲ ဖြေပေးကြပါအုံး😢😢😢

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
ပိုးမွှားရောဂါ စပါး
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

348,307 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

ဆစ်ပိုးကျခြင်းရှိမရှိ ပင်စည်ကို ခွဲခြမ်းပြီး ပိုးကောင်ရှိမရှိစစ်ဆေးပေးပါဦး

208 လွန်ခဲ့သော ၁ လ က

သေချာကြည့်ပီးပီဗျာ ပိုးမရှိဘူး

348,307 လွန်ခဲ့သော ၁ လ က

ပုံအရ စပါးပင်ခြေနှင့် ပင်စည်များ အရောင်ပြောင်းကာ ဆွေးမြည့်ညှိုးခြောက်နေခြင်းမှာ ပင်ခြေပုပ်/ပင်စည်ပုပ်ရောဂါ (Foot/Stem Rot) ကြောင့် ဖြစ်နိုင်ပါတယ်။ ပင်စည်ပုပ်အတွက် Azoxystrobin+Difenoconazole မှိုသတ်ဆေးကို အသုံးပြုနိုင်ပြီး၊ ကုသနေစဉ် လယ်ကွက်ထဲမှ ရေကိုခမ်းအောင်ထုတ်ကာ ပုလဲမြေသြဇာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားရပါမယ်။

39 လွန်ခဲ့သော ၁ လ က

ကျွန်တော်အထင် ဆစ်ပိုး ကျနေတာပါ ဗျ Fipronil ဖျန်းကြည့်ပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။