အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,779
လွန်ခဲ့သော ၄ ပတ် က · ချောက်

ဆရာခရမ်းချဥ်နဲ့ခရမ်းခေါင်းအတွက် မနက်ဖြန် မှိုဆေးဖျန်းချင်လို့ မန်ကိုဇက်နဲ့ဖော်ယူနဲ့တွဲလို့ရလား အရင် ၆ ရက်ကမှ...

ဆရာခရမ်းချဥ်နဲ့ခရမ်းခေါင်းအတွက် မနက်ဖြန် မှိုဆေးဖျန်းချင်လို့ မန်ကိုဇက်နဲ့ဖော်ယူနဲ့တွဲလို့ရလား အရင် ၆ ရက်ကမှ မိုနိုကေးနဲ့ ဒယ်ဘလယ် ပိုးသတ်ဆေးဖျန်းထားတာပါဆျာ ဒါမှမဟုတ် မန်ကိုဇက်တစ်မျိုးတညိးဖျန်းရမလား

ပိုးမွှားရောဂါ ခရမ်းချဉ်

ဖြေကြားချက် ၃ ခု

348,957 လွန်ခဲ့သော ၄ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဖော်ယူမှာက Abamectin 1.8% နှင့် Mancozeb (မှိုသတ်ဆေး) တို့ကို ဆေးဖျန်းပုံးတစ်ခုတည်းတွင် စနစ်တကျ ရောစပ်၍ တစ်ပြိုင်နက်တည်း ဖျန်းနိုင်ပါတယ်။ ဆေးဖျော်စပ်ရာတွင် ဓာတုဗေဒသဘောအရ ဆေးအာနိသင်ပျက်ပြယ်ခြင်း သို့မဟုတ် ဆေးလောင်ခြင်းမျိုး မဖြစ်စေရန်အတွက် ပထမဦးစွာ အမှုန့်ပုံစံဖြစ်သော Mancozeb ကို ရေတစ်ဝက်ခန့်ရှိသည့် ဆေးပုံးထဲထည့်၍ သမအောင်အရင်မွှေရပါမယ်။ ထိုမှိုသတ်ဆေးအမှုန့်များ လုံးဝပျော်ဝင်သွားပြီဆိုမှ ဒုတိယအဆင့်အနေဖြင့် အဆီရည်ပုံစံဖြစ်သော Abamectin ကို ထပ်မံထည့်သွင်းကာ ရေပြည့်အောင်ဖြည့်၍ မွှေပေးရပါမယ်။ ဤဆေးနှစ်မျိုးတွဲဖက်မှုကို နေပြင်းချိန်တွင် ဖျန်းခြင်းမှရှောင်ကြဉ်ပြီး၊ နေအေးချိန်ဖြစ်သော မနက်စောစော သို့မဟုတ် ညနေစောင်းတွင်သာ ထိုနေ့ချင်းပြီး ကုန်အောင် ဖျန်းပေးရပါမယ်။

9,779 လွန်ခဲ့သော ၄ ပတ် က

ဟုတ်ဆရာကျေးဇူးတင်ပါတယ်ဆရာ

37 လွန်ခဲ့သော ၄ ပတ် က

မသိပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။