အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
25
လွန်ခဲ့သော ၄ ပတ် က · ချောက်

အပင်တွေကွက်ပြီးဝါနေတာ တစ်ခင်းလုံးလဲကူးခုနီးပါဖြစ်နေလို့ ဘာ​​ကြောင့်ဖြစ်လဲ ဘယ်လိုရောဂါအမျုးအစားကျရောက်သလဲ ဘာဆေး...

အပင်တွေကွက်ပြီးဝါနေတာ တစ်ခင်းလုံးလဲကူးခုနီးပါဖြစ်နေလို့ ဘာ​​ကြောင့်ဖြစ်လဲ ဘယ်လိုရောဂါအမျုးအစားကျရောက်သလဲ ဘာဆေးဖျန်းရမလဲ ဆေးဖျန်းရင်သက်သာနိုင်လားဖြေပေးပါအုံးရှင့်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၈၆ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး အပွင့် အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်ပြီး မိုးရွာ
ပိုးမွှားရောဂါ မြေပဲ(ကွင်းသီးနှံ)
Post image
Post image

ဖြေကြားချက် ၄ ခု

125 လွန်ခဲ့သော ၄ ပတ် က
အတည်ပြုပြီး 920 လွန်ခဲ့သော ၄ ပတ် က

မြေပဲပင်တွင်ကျရောက်တတ်သောရောဂါများ">https://greenwaymyanmar.com/tags/130">မြေပဲပင်တွင်ကျရောက်တတ်သောရောဂါများ

အတည်ပြုပြီး 920 လွန်ခဲ့သော ၄ ပတ် က
348,301 လွန်ခဲ့သော ၄ ပတ် က

ပုံပါ မြေပဲစိုက်ခင်းတွင် ကျရောက်နေသော လက္ခဏာမှာ မွှားပင့်ကူနီကြောင့် မဟုတ်ဘဲ မြေပဲထိပ်ဖျားဖူးခြောက် ဗိုင်းရပ်စ်ရောဂါ (Groundnut Bud Necrosis Virus - GBNV) ဝင်ရောက်နေခြင်း ဖြစ်ပါတယ်။ အပင်များ ကွက်ပြီး ဝါခြင်း၊ အရွက်သစ်များ ကျုံ့ဝင်ကာ အပင်ပုညှက်ခြင်းတို့မှာ ထင်ရှားသော လက္ခဏာများ ဖြစ်ပြီး၊ ဤဗိုင်းရပ်စ်ကို လှေးပိုး (Thrips) များက သယ်ဆောင်ကူးစက်စေခြင်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို တိုက်ရိုက်သတ်နိုင်သောဆေး မရှိသဖြင့် ရောဂါရနေသော အပင်များကို ချက်ချင်း နှုတ်ယူမီးရှို့ရပါမယ်။ ထို့နောက် ရောဂါထပ်မံမပြန့်ပွားစေရန် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ လှေးပိုးနှိမ်နင်းသည့် အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် Abamectinသို့မဟုတ် Fipronil ပိုးသတ်ဆေးကို အရွက်အောက်မျက်နှာပြင်ပါ အနှံ့အပြား ဖျန်းပေးသုံးစွဲလေ့ရှိတယ်။ အပင်ခံနိုင်ရည်ရှိစေရန် အနည်းလိုအာဟာရ ရွက်ဖျန်းအားဆေးများကိုပါ ပက်ဖျန်းပေးခြင်းဖြင့် စိုက်ခင်းကို ပြန်လည်သက်သာလာစေနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။