အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
724
လွန်ခဲ့သော ၄ ပတ် က · မြိတ်

ပုံပါသည့်အတိုင်း အရွက်နုတက်ဝါနေတာကို ဆားခါး ထမင်းစားဇွန်း ၃ ဇွန်းဖြူးထားတယ် အဆင်ပြေပါသလား အပင်ရဲ့သက်တမ်းက မြေ...

ပုံပါသည့်အတိုင်း အရွက်နုတက်ဝါနေတာကို ဆားခါး ထမင်းစားဇွန်း ၃ ဇွန်းဖြူးထားတယ် အဆင်ပြေပါသလား အပင်ရဲ့သက်တမ်းက မြေချတစ်နှစ်ကျော်ပါပြီ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
စိုက်ပျိုး ရေ ကြက်မောက်သီး
Post image
2

ဖြေကြားချက် ၂ ခု

138 လွန်ခဲ့သော ၄ ပတ် က

23

348,957 လွန်ခဲ့သော ၄ ပတ် က

ပုံပါ ကြက်မောက်ပင်သည် အရွက်ဟောင်းများ စိမ်းနေပြီး ထိပ်ဖျားမှ ထွက်လာသော အရွက်နုသစ်များသာ သိသာစွာ ဝါဖြူဖျော့နေခြင်း ဖြစ်ပါတယ်။ ဆားခါး (မဂ္ဂနီစီယမ်) ချို့တဲ့ခြင်း မဟုတ်ဘဲ အပင်များတွင် အဖြစ်များသည့် "သံဓာတ်ချို့တဲ့ခြင်း" (Iron Chlorosis) လက္ခဏာ ဖြစ်ပါတယ်။ မြေဆီလွှာ အယ်လကာလီဖြစ်ခြင်း (pH မြင့်ခြင်း) သို့မဟုတ် ရေဝပ်ခြင်းကြောင့် အမြစ်က သံဓာတ်ကို မစုပ်ယူနိုင်ဘဲ ဖြစ်ရခြင်းပါ။ ဆားခါးကျွေးရုံဖြင့် မလုံလောက်ဘဲ ရက်သတ္တပတ် (၂) ပတ်လျှင် တစ်ကြိမ် သံဓာတ်" ပါ အရွက်ဖျန်းမြေသြဇာ သို့မဟုတ် အနည်းလိုဓာတ်အစုံ ပါဝင်သည့်အားဆေးကို ဖျန်းပေးရပါမယ်။ ရေရှည်အတွက် မြေဆီလွှာထဲသို့ ဆာလ်ဖာ (ကန့်မှုန့်) နှင့် နွားချေးဆွေး ထည့်သွင်းပြုပြင်ပေးခြင်းဖြင့် အပင် ပြန်လည်စိမ်းလန်းလာပါလိမ့်မယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။