တိုင်ထောင်ပဲအရွက်တွေဝါလာပြီးအသီးတွေပုံမမှန်လို့ဘာရောဂါ လဲသိချင်ပါတယ်
ပုံပါ ပဲတောင့်ရှည်ပင်များတွင် ဖြစ်ပွားနေသော လက္ခဏာမှာ ယင်ဖြူ (Whitefly) မှတစ်ဆင့် ကူးစက်ပြန့်ပွားတတ်သည့် ပဲမျိုးစုံ အဝါရောင် မိုစေ့ဗိုင်းရပ်စ်ရောဂါ (Yellow Mosaic Virus) ဖြစ်ပါတယ်။ ဤရောဂါကြောင့် အရွက်များတွင် အဝါရောင်နှင့် အစိမ်းရောင် ကွက်ကြားများ ဖြစ်ပေါ်ကာ တဖြည်းဖြည်း ဖြူဝါရောင်ပြောင်းလဲသွားပြီး၊ အပင်ပုညှက်ခြင်းနှင့် အသီးပုံမှန်မဝင်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ရောဂါဖြစ်သဖြင့် တိုက်ရိုက်ကုသရန် ဓာတုဆေးမရှိဘဲ ရောဂါရအပင်ကို နှုတ်ယူမီးရှို့ခြင်း၊ အဝါရောင်ထောင်ချောက်သုံးခြင်းနှင့် ရောဂါသယ်ဆောင်သော ယင်ဖြူကိုနှိမ်နင်းရန် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့အဆီတာမီပရစ် (Acetamiprid) သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid) ပိုးသတ်ဆေးများ ပက်ဖြန်းခြင်းဖြင့် ထိရောက်စွာသုံးစွဲလေ့ရှိတယ်။
ဆက်စပ်မေးခွန်းများ
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
ဖြေကြားချက် 2 ခု
ဆရာခင်ဗျ ပဲပင်အရွက်နှစ်ရွက်ထွက်မှာ ခရမ်းခင်းဆေးဖျန်းရင်ပိုလို့ဆိုပီး ဆိုင်လာ ပိုးသတ်ဆေး ဖျန်းမိပါတယ် မိုးကလဲမ...
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည်အပင်မှာခုလိုသံချေးကွက်လိုတွေ့နေလို့သြဘာကထုတ်တဲ့ယူနတီသုံးလို့အဆင်ပြေပါသလားခင်ဗျ ဆရာတို့အလင်းပြပေးပါ...
ဖြေကြားချက် 1 ခု
ခရမ်းပင် ဂျားထည်းမှာ တိုင်ထောင်ပဲ သီးညပ်ထည့်စိုက်လို့ရလားခရမ်းစိုက်ဘောင်အကြယ်ကတော့ ၃တောင် ပင်စင် ကတော့ ၂တောင်...
ဖြေကြားချက် 1 ခု
မြေဩဇာ ဘာကြွေးရမလည်း
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။