အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
229
လွန်ခဲ့သော ၃ ပတ် က · လပွတ္တာ

ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲ...

ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၅၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၇ ခု

348,301 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ပျိုးခင်းသက်တမ်း ၅၅ ရက်ရှိ ချောင်းသာပေါ်ဆန်းစပါးတွင် ဘက်တီးရီးယားရွက်ခြောက်ရောဂါ (BLB) နှင့် စပါးရွက်ညိုပျောက်ရောဂါ (Brown Spot) ပူးတွဲကျရောက်နေပါတယ်။ အဝါရောင်အစင်းတန်းများ အရွက်ဖျားမှ အောက်ခြေသို့ ခြောက်ဆင်းလာခြင်းသည် ဘက်တီးရီးယားကြောင့်ဖြစ်ပြီး၊ အရွက်ပေါ်ရှိ နှမ်းစေ့ပုံသဏ္ဌာန် အဝါရောင်အနားဝန်းပါ အစက်အပြောက်များသည် မှိုကြောင့်ဖြစ်သော ရွက်ညိုပျောက်ရောဂါ လက္ခဏာများ ဖြစ်ပါတယ်။ ပျိုးပင်သက်တမ်းရင့်နေပြီဖြစ်၍ ရွှေ့ပြောင်းစိုက်ပျိုးသည့်အခါ ပိုးမွှားဒဏ်ရာမှတစ်ဆင့် ပိုမိုမကူးစက်စေရန် ပျိုးပင်ထိပ်ဖျားများကို ဖြတ်တောက်ခြင်း လုံးဝမပြုလုပ်ရပါဘူး။ ရောဂါနှစ်မျိုးလုံးကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ရန် ကော့ပါး (Copper) ပါဝင်သော ဆေးဝါးများ သို့မဟုတ် ဘက်တီးရီးယားသတ်ဆေး (Bismerthiazole/Oxolinic acid/Kasugamycin) နှင့် မှိုသတ်ဆေး (Tricyclazole/Propiconazole) တို့ကို အလှည့်ကျဖျန်းပေးသင့်ပြီး နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဤပျိုးပင်များကို စိုက်ခင်းတွင် ဆက်သုံးပါက ကောင်းကျိုးအနေဖြင့် ပျိုးခင်းအသစ် ပြန်မထောင်ရတော့သဖြင့် အချိန်ကုန်သက်သာခြင်းနှင့် မျိုးစေ့ဖိုး ကုန်ကျစရိတ် သက်သာခြင်းတို့ ရှိနိုင်ပါတယ်။ သို့သော် ဆိုးကျိုးအနေဖြင့် ရောဂါပိုးမွှားများ စိုက်ခင်းသစ်သို့ တိုက်ရိုက်ပါသွားပြီး အပင်လှန်ချိန်တွင် ရောဂါပြန့်ပွားမှု ပိုမိုဆိုးရွားလာနိုင်ခြင်း၊ သက်တမ်းရင့်လွန်းသဖြင့် အပင်ပွားနှုန်း နည်းပါးသွားခြင်းနှင့် နောက်ဆုံးတွင် အထွက်နှုန်း သိသိသာသာ လျော့ကျခြင်းတို့ကို ရင်ဆိုင်ရနိုင်ပါတယ်။ အကယ်၍ အခြားပျိုးပင် အစားထိုးစရာ လုံးဝမရှိ၍ မလွှဲမရှောင်သာ သုံးစွဲရမည်ဆိုပါက ပျိုးပင်များကို မှိုသတ်ဆေးနှင့် ဘက်တီးရီးယားသတ်ဆေး ဖျန်းပြီးမှ စိုက်ပျိုးခြင်း၊ ထိပ်ဖျား လုံးဝမဖြတ်ခြင်းနှင့် စိုက်ခင်းသစ်တွင် အဟာရဓာတ် ဂရုစိုက်ကျွေးခြင်းတို့ဖြင့် အထူးပြုစုပျိုးထောင်ရပါမယ်။အကယ်၍ပျိုးနှုတ်ရက်နီးနေပြီဆိုရင်တော့ ပြောင်းရွှေ့စိုက်ပျိုးပြီးမှ ကောက်ပင်လှန်ချိန်ကျမှ ‌ မှိုသတ်ဆေးနှင့် ဘက်တီးရီးယားသတ်ဆေး ဖျန်းပက်ကုသရုံသာရှိပါတော့မယ်ခင်ဗျာ။နားမလည်တာရှိပါက ထပ်မေးနိုင်ပါတယ်။

348,301 လွန်ခဲ့သော ၃ ပတ် က

ဟုတ်ကဲ့၊အပင်မသေပေမယ့် အရွက်တွေခြောက်တာက ကူးစက်မှုအရမ်းမြန်တတ်လိူ့ပါခင်ဗျာ

229 လွန်ခဲ့သော ၃ ပတ် က

ယခုပုံစံမျိုးလွန်ခဲ့တဲ့ရက်၂၀ခန်ကထဲကဖြစ်နေတာပါ အပင်များသေတဲ့အဆင့်ထိမတွေရပါ

229 လွန်ခဲ့သော ၃ ပတ် က

ကျေးဇူးပါ

348,301 လွန်ခဲ့သော ၃ ပတ် က

ဆေးဖျန်းပြီး၃ရက်လောက်ဆိုပြောင်းရွှေ့စိုက်ပျိုးလို့ရပါတယ်၊ဦးကြီးးအသုံးပြုထားတာဆတွကပိုးသတ်ဆေးတွေပါခင်ဗျာ၊လုံးဝထိရောက်မှုမရှိပါခင်ဗျာ၊ စိုက်ပြီးတဲ့နောက်အပင်များအားလုံးသေပျောက်ဖြစ်နိုင်ခြင်းရှိမရှိကတော့ အပင်အားလုံးမသေနိုင်ပါဘူးခင်ဗျာ၊ ရောဂါပြင်းထန်စွာကျသည့်အပင်များသာသေမှာပါ၊ ဆေးဖျန်းခြင်းကတော့ ပြောင်းရွှေ့စိုက်ပြီးမှဖျန်းလည်းရသလို ပျိုးခင်းမှာကတည်းကဖျန်းလည်းရပါတယ်ခင်ဗျာ။ အဓိကဖျန်းရမှာက ဘက်တီးရီးယားသတ်ဆေးဖြစ်ပါတယ်၊ (Copper oxychloride, Copper hydroxide, Oxolinic acid, Bismerthiazole, Kasugamycin)တမျိုးမျိုး‌ပါ။ ရွက်ညိုပျောက်မှိုရောဂါတော့ ကူးစက်မှုနှေးလို့ နောက်စိုက်ခင်းကျမှ ရောဂါဆက်ပျံ့မှုရှိမရှိစောင့်ကြည့်စစ်ဆေးရမှာပါခင်ဗျာ

229 လွန်ခဲ့သော ၃ ပတ် က

အဖြေကိုစောင့်နေပါတယ်

229 လွန်ခဲ့သော ၃ ပတ် က

ဆေးဖျန်ပြီးဘယ်ရက်လောက်မှရွေ့ပြောင်းစိုက်သင့်ပါသလဲ ဖျုရာဒါန်၅ဂျီ+ပေါ်တက် ကျဲထါးပါသေးတယ် စိုက်ပြီးတဲ့နောက်ပိုင်းအပင်များလုံးဝသေပျောက်သွားနိုင်ပါသလား

You

ဆက်စပ်မေးခွန်းများ

မြေခံဓာတ်မြေသြဇာကို ကြဲစက်မဆွဲခင်ထည့်ရတာလား ကြဲစက်ဆွဲပီးမှထည့်ရတာလားဗျ

ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ ဘယ်လိုမျိုး ကုသနိုင်မလဲ ဘယ်လိုဆေးမျိုးတွေ သုံး...

ဖြေကြားချက် 1 ခု

ဧရာပဒေသာ၅၅ရက်သားအစေ့ချခင်းပါ၄၅ရက်သားက၁၅ပတ်လည်၄ဧက၂အိတ်ကျွေးထားပါတယ်၁လသားမှာ၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်ကျွေးထားပါတယ်...

ဖြေကြားချက် 6 ခု

ပိုးသတ်ဆေးတစ်ဖြုတ်ဖြုတ်ဖြန်းထားတာ1ပတ်လောက်ရှိပြီ/ပိုးကောင်လေးတွေပြန်တွေ့လာလို့စိုးရိမ်ရလား/15ပတ်လည်လည်းကျွေး...

ဖြေကြားချက် 2 ခု

စပါးက ဖုန်းနေပါပြီ/လိုအပ်ရင်အသီးအပွင့်ကောင်းအောင်ဆေးဖြန်းချင်တာဆရာဘယ်အချိန်လောက်ရယ်/ဆေးရယ်သိချင်လို့ပါဆရာ/15...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။