ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါ...
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
မင်္ဂလာပါဆရာ ကျွန်တော်တို့က ကွမ်းပင်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာအကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာ အပင်းကြီးထွားလာအောင် ဆော်တာ ကျွေးလို့ရမလားဆရာ
ကျေးဇူးပါဗျာ စိုက်ပျိုးရေးတာလုပ်တာ ဓာတ်မြေဩဇာအကြောင်းဘာမှနားမလည်ဘူး ဒီအပ်က တော်တော်အဆင်ပြေတယ် ဆရာတို့လို စိုက်ပျိုးရေးပညာရှင်တွေရှိတော့ အားကိုးပါတယ်ဗျား ကျေးဇူးလဲအများကြီးတင်ပါတယ်🙏
ဂျစ်ဆမ်နှင့် ဒိုလိုမိုက်သည် ကွမ်းစိုက်ပျိုးရာတွင် မြေဆီလွှာပြုပြင်ရန် အသုံးပြုရသော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်မှာ မတူညီပါဘူး။ ဂျစ်ဆမ်သည် ကယ်လ်စီယမ်နှင့် ကန့် (ဆာလဖာ) ဓာတ်ကို ပေးစွမ်းပြီး မြေဆီလွှာ၏ အချဉ်အငန်ဓာတ် (pH) ကို မပြောင်းလဲစေဘဲ မြေကျပ်များကို ပွလာစေကာ အမြစ်ထွက်အားကို ကောင်းမွန်စေပါတယ်။ ဒိုလိုမိုက်မှာမူ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ် ပါဝင်ပြီး အဓိကအားဖြင့် မြေချဉ် (pH နိမ့်) နေသော ကွမ်းခင်းမြေများကို ပြုပြင်ရန်နှင့် အရွက်များ စိမ်းစိုရန်အတွက် အသုံးပြုပါတယ်။ ထို့ကြောင့် ကွမ်းခင်းမြေသည် မြေကျပ်ပြီး ရေဝပ်ပါက ဂျစ်ဆမ်ကို သုံးသင့်ပြီး၊ ဓာတ်မြေဩဇာကြောင့် မြေချဉ်နေပါက ဒိုလိုမိုက်ကို အသုံးပြုခြင်းက ပိုမိုကောင်းမွန်ပါတယ်။
ဆရာရေး ဂျင်ပဆမ်ကြောက်မုန့်နဲ့ ဒိုလိုမိုက်ကြောက်မုန့် ဘယ်ဟာပိုကောင်းလဲဗျ အဲဒီကြောက်မုန်နှစ်ခုရဲ့အားနည်းချက်အားသာချက်လေး ပြောပြပေးလို့ရမလားခဗျား
ကျေးဇူးပါဗျာ ခုလိုပြောပြပေးလို့
ပုံပါဖော်ပြပါဆေးနှစ်မျိုးလုံးသည် ကွမ်းပင် မှိုရောဂါများအတွက် ထိရောက်မှုရှိသော်လည်း ၎င်းတို့ကို အတူတကွ ရောစပ်၍ ပက်ဖျန်းသုံးစွဲလို့မရပါ။ M-Methomorph 50 WP သည် အပင်တွင်းစိမ့်ဝင်ကာကွယ်ပေးသော ပင်လုံးပြန့်ဆေးဖြစ်ပြီး ဆေးယဉ်ပါးမှုမဖြစ်စေရန် သတိပြုရပါမယ်။ Cuprous Oxide 50 WP (Nordox) သည် ကြေးနီဓာတ်ပါသော ထိသေဆေးဖြစ်ပြီး မိုးရွာသော်လည်း ဆေးမပြယ်ဘဲ အကာအကွယ်ပေးနိုင်သော်လည်း နေပူချိန်ဖျန်းပါက အရွက်လောင်ခြင်း ဖြစ်တတ်ပါတယ်။ ထို့ကြောင့် ရောဂါကုသရန်အတွက် Methomorph ကိုလည်းကောင်း၊ မိုးရာသီကြိုတင်ကာကွယ်ရန်အတွက် Cuprous Oxideကိုလည်းကောင်း ဆေးနှစ်မျိုးအား အလှည့်ကျ စနစ်ဖြင့်သာ သုံးစွဲသင့်ပြီး ဆေးဖျန်းပြီးပါက ကွမ်းရွက်ကို ခူးဆွတ်စားသုံးခြင်း/ရောင်းချခြင်းမှ (၂) ပတ်မှ (၄) ပတ်အထိ တိကျစွာ ရှောင်ကြဉ်ရပါမယ်။ မှိုရောဂါကျနေတာသေချာပါက မီသိုမော့အရင်ဖျန်းပေးပါ၊ပြီးမှ ၇ရက်အကြာမှရောဂါမသက်သာသေးမှကော့ပါးထပ်မံဖျန်း ပေးပါ။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ ကွမ်းပင်တွေက အစိမ်းအတိုင်းညှိုးပြီးသေလို့ပါ အပင်ကို 3 ရက်နေ့က စစ်ဆေးကြည့်တော့ အပင်ခြေကမဲနေပါတယ်(...
ဖြေကြားချက် 2 ခု
ကွမ်းနဲ့ပတ်သက်ပြီးထပ်မေးချင်ပါတယ်ဆရာ အမြစ်တွေပေါ်နေလို့ မြေပြန်ဖို့တာ ကောင်းကျိုးဆိုးကျိုးသိချင်ပါတယ် နောက်တစ်...
ဖြေကြားချက် 1 ခု
ကွမ်းရွက်က ဘာဖြစ်တဲ့လက္ခဏာလဲဆရာ ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 4 ခု
ကွမ်းရွက်တွေပုံအပါတိုင်းဖြစ်တာ ရောဂါလားပိုးလားဗျဖြေပေးကြပါအုံး
ဖြေကြားချက် 1 ခု
ကွမ်းရွက်ကဘာလို့အဲ့လိုဖြင့်တာလဲဘယ်လိုပြန်လုပ်ကောင်းလာနိုင်မလဲအကြံပေးပါအုံး
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။