အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
309
လွန်ခဲ့သော ၃ ပတ် က · ကျောင်းကုန်း

ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၃ ပတ် က

ပေါင်းမြက်များ အလွန်များပြားနေသော လယ်ကွင်းတွင် မတ်ပဲကို ခုတ်ဖုံးစနစ်ဖြင့် ကြဲပက်စိုက်ပျိုးမယ်ဆိုရင် လုံးဝမသင့်တော်ပါဘူး။ အကြောင်းမှာ ဒိုက်မြက်နှင့် မြင်းစာမြက်များသည် ပဲပင်ထက် စောစီးစွာ ပြန်လည်ရုန်းထွက်ကာ အလင်းရောင်နှင့် အာဟာရကို လုယူပြီး ပဲပင်ငယ်များကို လွှမ်းမိုးဖျက်ဆီးပစ်နိုင်တာကြောင့် ပါ။ အကယ်၍ စိုက်ပျိုးလိုပါက ပဲမျိုးစေ့ကို အရင်ကြဲ၊ စပါးရိုးပြတ် ခုတ်ဖုံးပြီးနောက် စိုက်ပြီး ၇ ရက်မှ ၁၅ ရက်အတွင်း ပဲပင်ကိုမထိခိုက်စေဘဲ မြက်ကိုသေစေသည့် ရွေးချယ် ပေါင်းသတ်ဆေး ကို မြေအစိုဓာတ်ရှိချိန်တွင် စနစ်တကျ ပက်ဖျန်းနှိမ်နင်းပေးရပါမယ်။သို့မဟုတ် မြေအစိုဓာတ် အခြေအနေပေးပါက ထွန်စက်ဖြင့် မြေကို တစ်စပ်ခန့် အပေါ်ယံမွှေပေးခြင်းဖြင့် ရှိပြီးသားမြက်များကို အမြစ်ပြတ်စေပြီးမှ မတ်ပဲကို စနစ်တကျ ကြဲပက်စိုက်ပျိုးနိုင်ရင်တော့အကောင်းဆုံးပေါ့။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။