အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,279
လွန်ခဲ့သော ၇ နှစ် က · မကွေး

မင်္ဂလာပါ ခုလာမည့်မိုးဦးကာလမှာစိုက်ပျိုးရန်အတွက် မိုးခေါင်ဒဏ်ခံပြီး ထွက်နှုန်းကောင်းသောနှမ်းမျိုးရှိပါသလား။...

မင်္ဂလာပါ ခုလာမည့်မိုးဦးကာလမှာစိုက်ပျိုးရန်အတွက် မိုးခေါင်ဒဏ်ခံပြီး ထွက်နှုန်းကောင်းသောနှမ်းမျိုးရှိပါသလား။ ရှိလျှင်ဖြေကြားပေးပါ။

စိုက်ပျိုးနည်း နှမ်းမျိုး
4

ဖြေကြားချက် ၄ ခု

232 လွန်ခဲ့သော ၇ နှစ် က

မျိုးဘယ်မှာရနိုင်လဲဗျ

အတည်ပြုပြီး 323,963 လွန်ခဲ့သော ၇ နှစ် က

အကောင့်လုပ်လိုက်ပြီး စိုက်ပျိုးသီးနှံမှာ နှမ်းကို ရွေးလိုက်ပါ။ သင့်သီးနှံမှာ နှမ်းစိုက်ပျိုးနည်းလမ်းညွှန်အစအဆုံး ဖော်ပြပေးထားပါတယ်။

1,279 လွန်ခဲ့သော ၇ နှစ် က

စိုက်ပျိုးရမည့်နည်းစနစ်ပါပြောပေးပါ နည်းစနစ်မှန်ကန်စွာစိုက်ပျိုးချင်လို့ပါ

အတည်ပြုပြီး 323,963 လွန်ခဲ့သော ၇ နှစ် က

လယ်သမား၊ ယာသမားများသည် ဖြစ်ပေါ် ကြုံတွေ့နေရသော ပြောင်းလဲမှု ရာသီဥတု နှင့်အညီ မျိုးများရွေးချယ်လဲလှယ်စိုက်ပျိုး သင့်ပါသည်။ နွေရာသီနှင့် မိုးကြိုကာလ၊ စိုက်ပျိုး ရန်သင့်လျော်ပြီး အပူချိန်မြင့်မားမှုကို ခံနိုင် ပြီး အထွက်ကောင်းသည်မှာ ဆင်းရတနာ ၅ နှမ်းမျိုးဖြစ်သည်။ အသက်ရက် ရက် ၈၀ မှ ၈၅ ရက်ရှိသည်။ ကိုင်းဖြာသောမျိုး တစ်သီးတွင် အစေ့ ၆၅ စေ့ခန့်ပါရှိသဖြင့် အထွက်မှာ တစ်ဧကတင်း ၃၀ ထွက်နိုင် သည်။ မကွေးနှမ်းနီ ၁/၄၀ မျိုးသည် အသက် ရက် ၉၀ ရှိသည်။ အပင်ထိပ်ပိုင်းတွင် ကိုင်းဖြာ၍ သီးလုံးစိပ်ပြီး တစ်သီးတွင် အစေ့ ၇၀ ခန့်ပါသည်။ တစ်ဧကတင်း ၂၀ ထွက် သည့် မိုးခေါင်ဒဏ်ခံနိုင်သော မျိုးဖြစ်သည်။ မကွေးနှမ်းနီ ၂/၄၀ မျိုးသည် နှမ်းပင်၏ အောက်ခြေတွင် ကိုင်းဖြာသည့် မျိုးဖြစ်သည်။ ဆင်း ရတနာ-၃ နှမ်း မျိုးသည် မြေလတ်နှင့် အညာဒေသ အကြိုက်၊ ရေငတ်ဒဏ်၊ အပူဒဏ်ခံနိုင်သော ဒေသမရွေး၊ ရာသီ မရွေး၊ အေးသော ဒဏ်လည်း ခံနိုင် သေးသည်။ အထွက် ကလည်း တစ်ဧက တင်း ၂၀ ထွက်သည့် မျိုးဖြစ်သည်။ အသက်ရက် ၉၀ မှ ၉၅ ရက်ရှိပြီး တစ်သီးတွင် အစေ့ ၇၀ နီးပါးရှိနိုင်သည်။ မျိုးပြောင်းလဲစိုက်ကြပါ။ မျိုးစေ့ကို စိုက်ကြပါ။ မျိုးခံ၍ရသော မျိုးဆန်ကို မစိုက်ကြ ပါနှင့်။ ရေမြေ ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ လိုက်လျော ညီထွေ ဖြစ်ရန် ပြောင်းလဲ သင့်သည် များကို ပြုပြင်ပြောင်းလဲ စိုက်ပျိုးသွားကြမှသာ ရေ ရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးဖြစ်ပါ မည်။ စိုက်ပျိုးမည့် မျိုး၊ စိုက်ပျိုးမည့်နည်း စနစ်တို့ကို သမားရိုးကျဖက်တွယ်ထား၍ မရပါ။ ပြုပြင်ပြောင်းလဲ လုပ်ကိုင် စိုက်ပျိုး မှသာ ယခု ပြောဆို နေကြသည့် ရေရှည် တည်တံ့သော စိုက်ပျိုးရေးဖြစ်ပါမည်။ ကိုရဲ (စိုက်ပျိုးရေး)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။