ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ပုံပါဖျက်ဆီးတတ်သောအကောင်မှာ ဒူးရင်းပင်စည်ထိုးပိုး (ဦးမှင်ရှည်ကျိုင်းကောင်) ဖြစ်ပြီး ၎င်း၏ အကောင်ကြီးများသည် ဒူးရင်းကိုင်းနုများနှင့် အခေါက်များကို ကိုက်စားတတ်ကာ ၎င်းတို့မှ ပေါက်ပွားလာသော လောက်ကောင်များသည် ပင်စည်ထဲသို့ ဥမင်လိုဏ်ခေါင်းသဖွယ် ဖောက်ထွင်းစားသောက်သဖြင့် အပင်ကို ခြောက်သွေ့သေဆုံးစေနိုင်ပါတယ်။ ၎င်းကို ကာကွယ်ရန် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့မိုးဦးကျကာလတွင် အကောင်ကြီးများကို လိုက်လံဖမ်းဆီးခြင်းနှင့် ပိုးကျနေသော ကိုင်းများကို ဖြတ်တောက်မီးရှို့ခြင်းတို့ ပြုလုပ်သုံးစွဲလေ့ရှိတယ်။ ထို့ပြင် ပင်စည်ကို ဘော်ဒိုဆေးရည် သုတ်ပေးခြင်းဖြင့် ဥအုခြင်းကို တားဆီးနိုင်ပြီး၊ ပိုးထိုးထားသော အပေါက်ငယ်များတွေ့ပါက Imidacloprid သို့မဟုတ် Cypermethrin, Deltamethrin သို့မဟုတ် Lambda-cyhalothrin ကဲ့သို့သော ပင်လုံးပျံ့ပိုးသတ်ဆေးကို သုံးစွဲလေ့ရှိတယ်။
ကျွန်တော့ ခြံမှာတော့ လိမ္မော်ရောင်နဲ့ ကောင်ဘဲ တွေ့လို့ အမျိုးအနွယ်တော့တူတူဘဲထင်တယ် အကိုင်းအဖျားတော်တော်များများကို ကိုက်စားလိုက်ကုန်တယ်
ဒူးရင်းပင်စည်ထိုးပိုးက ဒီလိုကောင်မျိုးမဟုတ်ဘူးလား?
ဆက်စပ်မေးခွန်းများ
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဖြေကြားချက် 1 ခု
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရ...
ဖြေကြားချက် 3 ခု
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်...
ဖြေကြားချက် 1 ခု
ဒူးရင်းနဲ့ကြက်မောက် မြေချစိုက်ထားတဲ့ကာလ 1နှစ်သားကျော်ကျော်နဲ့6လသားတွေအတွက် ကျွေးလို့ရမယ့် ဓါတ်မြေသြဇာနဲ့ ဘယ်နလ...
ဖြေကြားချက် 2 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အ...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။