အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
295
လွန်ခဲ့သော ၂ ပတ် က · ရေတာရှည်

ဘာဆေးဖျန်းရမလဲဗျ ပိုးရောဂါကြရောက်နေလားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၈ ရက်
ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၂ ခု

295 လွန်ခဲ့သော ၂ ပတ် က

ဟုကဲ့

348,301 လွန်ခဲ့သော ၂ ပတ် က

စပါးစိုက်ခင်းတွင် ရေဝပ်ပြီး တမန်းကောင်းလွန်းပါက အမြစ်များ အောက်ဆီဂျင်ပြတ်တောက်ကာ ပိုတက်ဆီယမ်ဓာတ်ကို မစုပ်ယူနိုင်ဘဲ ပင်စည်ပုပ်မှိုရောဂါ ပိုမိုကျရောက်နိုင် ခြေများနေတာပါ။ ယခုအခြေအနေတွင် ဂျစ်ဆမ် (Gypsum) နှင့် ပိုတက်ရှ် (Potash - MOP) မြေသြဇာကို ရောစပ်ကျွေးခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။ ဂျစ်ဆမ်တွင် ပါဝင်သော ကယ်လ်ဆီယမ်က မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းစေပြီး ဆာလ်ဖာဓာတ်က အမြစ်သစ်များ ထွက်စေကာ ပိုတက်ဆီယမ်ဓာတ်ကို အပင်က ပိုမိုစုပ်ယူနိုင်အောင် ထောက်ကူပေးပါတယ်။ သို့သော် ရောဂါသက်သာစေရန် မြေသြဇာကျွေးရုံတင်မကဘဲ စိုက်ခင်းအတွင်းရှိ ရေများကို ကုန်အောင် အမြန်ဆုံးထုတ်ပစ်ပြီး ၂-၃ရက်မြေအခြောက်လှန်းပေးရန်နှင့် လိုအပ်ပါက အပင်ခြေထိ ရောက်အောင်Azoxystrobin+Difenoconazole မှိုသတ်ဆေး ကိုစနစ်တကျ ပက်ဖျန်းပေးရန် အထူးလိုအပ်ပါတယ်။ အဆိုပါ ညှိုးခြောက်နေသော အရွက်နုကို ဆွဲလိုက်လျှင် အလွယ်တကူ ကျွတ်ထွက်ပါလာခြင်ူရှိမရှိလည်း စစ်ဆေးပေးပါဦးခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။